Part 14

5.1K 352 1
                                    

ရိ​ပေါ် ထင်​တဲ့အတိုင်း မိုး​မိသွားတဲ့ ​ကောင်​​လေးက
ညဖက်​ကျ​တော့ တစ်​ကိုယ်​လုံး ပူခြစ်​​တောက်​ပြီး
အဖျား​တွေ တက်​တာမို့ 
ရိ​ပေါ် ညဘက်​ကြီးရှီးချန်​​ကောကို မျက်​နှာပူပူနဲ့ ပဲ ​ခေါ်ခဲ့ရ​သေးတာ..

ဒီကြားထဲလည်း ရိ​ပေါ်​ကောင်​​လေးကို အရိပ်​တကြည့်​ကြည့်​နဲ့ ဂရုစိုက်​​နေ​ပေမယ့်​ အဖျားက သက်​သာလိုက်​ အပူပြန်​ကြီးလိုက်​နဲ့ ၅ရက်​လောက်​ ဆက်​​နေတာမို့ ​ကောင်​​လေးကိုလည်း သနားမိသည်​..။

နေမ​ကောင်းတဲ့ခ​လေးတစ်​​ယောက်​တည်း အိမ်​မှာကျန်​ခဲ့မှာကို စိုးရိမ်​တဲ့ ရိ​ပေါ်က အခုဆို company ​​မသွားတာ​တောင်​ ၅ရက် ရှိပြီ..။

အင်း..​ဒီအ​တောအတွင်း အပိုအချက်​အ​နေနဲ့ 
ကောင်​​လေးက ​နေမ​ကောင်းရင်​ လူပိုကပ်​တတ်​တယ်​ဆိုတာလဲ ရိ​ပေါ်သိလိုက်​ရတယ်..။
နေမ​ကောင်းတဲ့ ​ကြောင်​​က​လေး​တွေ အီသလိုမျိုးလဲ ​ကောင်​​လေးက အီတတ်​​သေးတာ..

"ကိုကို ကျွန်​​တော်​လည်း သက်​သာ​နေပြီဆို​တော့ တခုခုမှာစားကြမလားဟင်​ ဆန်​ပြုတ်​​သောက်​ရတာ ငြီး​ငွေ့ ​နေပြီဗျ.."

"မရပါဘူး မ​နေ့ ကလည်း ကိုယ်​မသိ​အောင်
ထမင်းနဲ့ ကင်​ချီ​တွေ ခိုးစားလို့  အကုန်​ပြန်​အန်​ထွက်ပြီးပြီမလား..မရပါဖူး"

ဘေးက​နေ စားချင်​တာ မစားရလို့ ဆူပုတ်​​နေတဲ့ခ​လေးကို ရိ​ပေါ်ဒီတစ်​ခါ​တော့အလိုမလိုက်​နိုင်​ပါ..

ရိ​ပေါ်​ဆူတာလည်းမမှားပါ
မ​နေ့ က ​​ကောင်​​လေး​ပျောက်​လို့ လိုက်​ရှာ​တော့
အိမ်​သာထဲမှာ ​ခွေ​ခွေ​လေးအန်​​နေတဲ့​ ​ကောင်​စုတ်​​လေးကို ကြည့်​ပြီး ရင်​​ပေါ်ရင်​​ထဲ ထိတ်​ခနဲ ဖြစ်​သွားတာ ဒီက​လေး မသိပါဘူး..။

ရိ​ပေါ်မသိ​အောင်​ မတည့်​တာ​တွေ ခိုးစားပြီး သူအန်​တာကို ရိ​ပေါ်သိရင်
ဆူမှာ​ကြောက်​လို့ ခိုးအန်​​တဲ့ ​​ကြောင်​​ပေါက်​ရဲ့ ဖင်​လုံးလုံး​လေးကို ခပ်​ဆတ်​ဆတ်​​လေးပဲ နာ​အောင်​ ရိုက်​ပစ်​လိုက်​ချင်​​တော့တယ်​..။

ကောင်​​လေးကလည်း အခုဆို ရိ​ပေါ်က နည်းနည်း သူ့ အလိုလိုက်​​ပေး​နေ​တော့ ဆိုးတာမှ ဂျစ်​တူး​လေးကျ​နေ​ရောပဲ..
တခုခုဆို ပွစိပွစိပြန်​​ပြော​ရ​သေးတာ..
အင်း​ပေါ့​လေ ပြန်​စဉ်းစားကြည့်​​တော့လည်း ရိ​ပေါ်ရဲ့ အမျိုးသား​လေးက အခုမှ က​လေး​ပဲ ရှိ​သေးတာ မဟုတ်​လား...kk

BE MINE(Completed)Where stories live. Discover now