Part 13

5K 342 3
                                    

ရိ​ပေါ် ​နောက်​ထပ်​၁၀မိနစ်​လောက်​ဆိုရင်​ စ​တော့မယ့်
ရှောင်​တခင်​အစည်းအ​ဝေး​ကြောင့်​ ​ခေါင်းခဲ​နေတုန်း ​ဘေးမှာ ချထားတဲ့ ဖုန်းက ​တောင်​ခနဲ နိုတီတက်​လာသည်

လက်​တစ်​ဖက်​က စာရင်းတွက်​ရင်း ယူကြည့်​မလို့ လုပ်​​​နေတုန်း"ဒုဥက္ကဋ္ဌ ဟိုဘက်​ company က ရှယ်​ယာရှင်​​တွေ ပြသနာရှာ​နေကြတယ်​" ဆိုပြီး​အ​ပြေးလာ​ပြောတဲ့ လက်​​ထောက်​choi ရဲ့ ​နောက်​ကိုပဲ ရိ​ပေါ် မ​ပြေးရုံတမယ်​လိုက်​သွားလိုက်​ရသည်
အင်းး..အလုပ်​စားပွဲ​ပေါ်က ဖုန်း​လေးက​တော့ လျစ်​လျူရှုခံလိုက်​ရတယ်​​ပေါ့..

အစည်းအ​ဝေးက ရိ​ပေါ်တို့ ထင်​တာထက်​ပိုကြာသွားတယ်​..​.ကြာဆို ​နေ့ လည်​ ၁၁နာရီက စတဲ့ အစည်းအ​ဝေးဟာ ည​နေ ၅နာရီ မှ အဆုံးသတ်​တယ်
ကျိန်း​သေတာက ရှယ်​ယာရှင်​​တွေနဲ့ အကြီးအကျယ်​စကားများထားရတဲ့အတွက်​ ရိ​ပေါ်ရဲ့ စိတ်​​တွေက ပကတိကြည်​လင်​မ​နေဘူး..။

အစည်းအ​ဝေးပြီးပြီးချင်း အိမ်​ကို အပြန်​လမ်း မှာ မိုး​ရိပ်​​တွေမဲ​တက်​လာ​တာမို့  ရိ​ပေါ်က  ကား​လေးကို မြန်​မြန်​ပဲ ​မောင်းလာလိုက်​တယ်​..
တစ်​ခုခုဆို ​ကောင်​​လေးက စိတ်​ပူတတ်​တာမို့  ရိ​ပေါ်ကမိုးမရွာခင်​ အိမ်​အမြန်​ပြန်​​ရောက်​ချင်​တဲ့စိတ်​ပဲရှိတယိ

ပုံမှန်​ အလုပ်​ဆင်းချိန်​ထက်​ ၂နာရီ​လောက်ေ​နာက်​ကျ​နေပြီမို့ ​ကောင်​​လေးစိတ်​မပူရ​အောင်​ ဖုန်းဆက်​ချင်​​ပေမယ့်​လည်း အားကုန်​​နေတဲ့ဖုန်း​ကြောင့်​ ရိ​ပေါ်က အိမ်​အမြန်​ပြန်​ဖို့ အပြင်​ မတတ်​နိုင်​ဘူး..

အိမ်​ရဲ့ ဆင်​ဝင်​​အောက်​ကို ကားရပ်​လိုက်​တဲ့အချိန်​ထိ အိမ်​ထဲက ထွက်​မလာ​သေးတဲ့​ကောင်​​လေး​ကြောင့်​ တခုခုများဖြစ်​​နေ​လေသလားလို့ ရိ​ပေါ်စိတ်​ပူပြီး အိမ်​ထဲ အ​ပြေးဝင်​မိတယ်​..
ပုံမှန်​ဆို ​အ​သေး​လေးက ရိ​ပေါ်ကားသံကြားတာနဲ့ အ​ပေါက်​ဝမှာ မတ်​တပ်​က​လေးရပ်​​စောင့်​​နေတတ်​တာ​လေ..

"Xiaozhan..​ကောင်​​လေး ဘယ်​မှာလဲ..​ရှောင်​​ရှောင်းကျန့်"

တစ်​အိမ်​လုံး ​ရေချိုးခန်း အိမ်​သာမကျန်​ရှာ​ပေမယ့်​လည်း ဘယ်​မှာမှ ရှိမ​နေတဲ့ ​ကောင်​​လေး​ကြောင့်​ ရိ​ပေါ်စိတ်​​တွေက တကယ်​ က​ယောက်​ကယက်​ဖြစ်​​နေပြီ..
မ​ပြောမဆိုနဲ့ ဘယ်​ထွက်​သွားမှန်းမသိတဲ့​ကောင်​​လေးကို ရိ​ပေါ် နည်းနည်း​တော့ စိတ်​ဆိုးတယ်​..

BE MINE(Completed)Where stories live. Discover now