"ဟိတ်ကောင်လေး ရှောင်းကျန့် ထတော့ ဟိတ်.."
ရိပေါ် ကားပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်ကောင်လေးကို လှုပ်နှိုးလိုက်သည်
နိုးလာတဲ့ ရှောင်းကျန့် ကအိပ်မှုံစုံဝါးလေးနဲ့ ချစ်ဖို့ တော့ကောင်းသား.."ဟာ ကိုကို အိမ်ရောက်ပြီလား ကျွန်တော်တောင်းပန်ပါတယ် ဘယ်လိုအိပ်ပျော်သွားမှန်းမသိဘူး"
"ရတယ်"
ဤတစ်ခွန်းပဲပြောပြီး ကိုကိုကတော့ ရှောင်းကျန့် ကိုမစောင့်တော့ပဲ အိမ်ထဲကို ဦးအောင်ဝင်သွားလေရဲ့ 
ရှောင်းကျန့် ကတော့ ကိုကို့ ကျောပြင်ကြီးကိုကြည့်ပြီး ရှေ့ ဆက်ရမယ့် သူတို့ နှစ်ယောက်ရဲ့ နေ့ ရက်လေးတွေအတွက် ရင်ခုန်မိပါသေးသည်"ကဲ ထိုင် ကိုယ်မင်းကိုပြောစရာရှိတယ် ပြောစရာဆိုတာထက် မှာစရာလေးတွေပေါ့"
"ဟုတ် ကိုကို ဟီးဟီး"
ကိုကို ဘာတွေပြောမလဲ မသိပေမယ့် ရှောင်းကျန့် အတွက်ကတော့ ကိုကိုနဲ့ စကားပြောနေရရင်ကို အရူးလေးလို ပျော်နေတာမို့ ...ရိပေါ်အရှေ့ က မျက်နှာရူးလေးကိုကြည့်ပြီး ဘာပြောရမလဲဆိုတာတောင် မေ့တေ့တေ့ရယ်
"ကိုယ့်ပြောစကားဆို နားထောင် ပြန်မပြောရဘူး
အထွန့် မတက်ရဘူး
ကိုယ်နဲ့ အတူနေမယ်ဆိုရင် ကိုယ့်personal ကိုဝင်မစွတ်ဖတ်ပါနဲ့ 
နောက်ဆုံးတစ်ချက် ကိုယ့်ကို လာမချုပ်ချယ်ပါနဲ့ မင်းနဲ့ ကိုယ်နဲ့ က လက်ထပ်ထားကြတာဆိုပေမယ့် ချစ်လို့ ယူတာမဟုတ်တော့ ကိုယ်ခေါင်းရှုပ်မခံနိုင်ဘူး"မင်းနဲ့ ကိုယ်နဲ့ ကချစ်လို့ ယူတာမဟုတ်ဘူးတဲ့
ကျွန်တော်ကတော့ ချစ်တယ်လေ ကိုကိုရယ်
ပြောရက်လိုက်တာလို့ တော့မတွေးဖြစ် ကိုကိုပြောသမျှ ကိုကိုလုပ်သမျှ ရှောင်းကျန့် ခေါင်းခါဖို့ စိတ်ကူးထဲမှာကို မရှိတာ..
YOU ARE READING
BE MINE(Completed)
Fanfictionကျွန်တော်တို့ ၂ယောက်ရဲ့ ဇာတ်လမ်းလေး..💚 Yizhan marriage life လေးပါ..