ဒီနေ့ က Xiao zhan နဲ့ ကိုကို့ ရဲ့ လက်ထပ်ပွဲနေ့ လေး
ကိုကို မပျော်မှန်းဘူးဆိုတာ မှုံကုတ်နေတဲ့ ကိုကို့ မျက်နှာကို ကြည့်ရုံနဲ့ xiao zhan ကသိတယ်..
Xiao zhanကတော့ ကိုကို ဘာလုပ်လုပ် ဘာပြောပြော ငြိမ်ခံမယ်လို့ ပဲ တွေးထားလိုက်သည်ကိုယ်က ချစ်ရသူမဟုတ်လား..
သူငယ်ချင်းဖြစ်သူ ကျန်းချန် ကလည်း ဒါမျိုးဆိုအားကိုးရပါသည်
ဒီ လက်ထပ်ပွဲရဲ့ ဖြစ်တည်မှုကို အမုန်းဆုံးက ကိုကိုဆိုလျှင် အပျော်ဆုံးက Xiao zhan နဲ့ ကျန်းချန်..သူ့အကိုရဲ့ အကြိုက်ဆုံးကအစ အမုန်းဆုံးအထိ တခုမကျန်ပြောပြပေးရှာတဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးကို xiao zhan တကယ် ကျေးဇူးတင်ပါသည်။
ပြောသေးသည် "မင်းကို ge က ချစ်လာမှာပါ"တဲ့
Xiaozhan လဲ မမျှော်မှန်းရဲပေမယ့်
ကိုကို့ ကိုပျော်အောင်ထားဖို့ တော့ ယုံကြည်ချက်ရှိတယ်..။ရိပေါ် wheelchairပေါ်မှာ ထိုင်နေတဲ့ မေမေ့ကို ဖက်ထားတဲ့ xiao zhan ကို ကြည့်နေတာ အကောင်းတော့မဟုတ်..
ဘယ့်နှယ့် မေမေကလည်း ကိုယ့်သားအရင်းလေးကျတော့ အဖတ်မလုပ် အ့ဒီတစ်ယောက်ကျတော့ ကျန့်အာလေး ကျန့် ကျန့် လေး နှင့် သိပ်ချစ်နေတာရယ်
ခုလဲကြည့် မေမေ့ပါးနှစ်ဖက်ကို ကြူကြူပါအောင်နမ်းနေသေးတာ မသိရင် ကိုယ့်အမေက သူ့ အမေကျနေရောပဲ
ခက်ပါတယ် ကျွန်တော်က တည်တည်ကြည်ကြည်ပဲ ကြိုက်တာပါဆိုကာမှ.."ဟေ့ရောင် ရိပေါ် ဘာတွေ ပြုံးနေတာလဲ ဒီနေ့ ပြီးတာနဲ့ မင်းအပိုင်ဖြစ်ပါပြီကွ အမလေး ကြောက်တောင်ကြောက်တယ် မင်းအပြုံးကြီးကို.."
ဟောက်ရွှမ်းပြောတာတော့ ကျွန်တော်က ပြုံးနေသည်တဲ့
ဟုတ်မှာပါလေ မေမေပျော်နေတယ်မဟုတ်လား အ့တာကြောင့်ပဲ နေမှာပါ..
YOU ARE READING
BE MINE(Completed)
Fanfictionကျွန်တော်တို့ ၂ယောက်ရဲ့ ဇာတ်လမ်းလေး..💚 Yizhan marriage life လေးပါ..