Part-8

4.7K 374 7
                                    

ရိ​ပေါ်လည်း လိုတာထက်​ ပိုပိုသာသာ​ပြောပြီး အ​ပေါ်ထပ်​ကို တက်​လာခဲ့လိုက်​သည်​။ဟိုက​လေးစုတ်​က​တော့ ​အောက်​မှာ ဘာ​တွေဖြစ်​ပြီးကျန်​ခဲ့လဲ မသိ အခုထိ​တော့တက်​မလာပါ။

သူတကယ်​ခံစားသွားရတယ်​ဆိုတာက​တော့ ထုတ်​မ​ပြောလဲ ရိ​ပေါ်သိတယ်​ ​ကောင်​​လေးရဲ့ နီရဲ​နေတဲ့ မျက်​ဝန်း​တွေနဲ့ တင်းတင်းဆုပ်​ထားတဲ့ လက်​သီး​လေးက သက်​​သေပဲမလား..

တကယ်​ဆို ရိ​ပေါ် ​မေရီ jie ကို ​မေ့မရ​သေးဘူးဆိုတာ ဟုတ်​တယ်​ သုံးနှစ်​​ကျော်​တွဲခဲ့တဲ့ jie အ​ပေါ်မှာ သံ​ယောဇဉ်​အခံနဲ့ ရိ​ပေါ် စိတ်​ပြန်​လည်​ခဲ့မိတယ်​ ဒါကလဲ အချစ်​ပါလားဆိုရင်​​တော့ လုံးဝမပါ..​ကောင်​​လေးအတွက်​မတရားဘူးဆိုတာ သိ​ပေမယ့်​ ရိ​ပေါ် ကိုယ့်​စိတ်​ကို တခဏ အလိုလိုက်​ခဲ့မိရုံတင်​​လေးပါ..

ကောင်​​လေး​ပြောသလို jie ကတကယ်​မချစ်​ပဲ ​ငွေ​ကြောင့်​ပြန်​လာကပ်​တယ်​ဆိုတာလဲ ရိ​ပေါ်မသိပဲ​နေမလား သိပ်​သိတာ​ပေါ့ အ့ဒါ​ကြောင့်​လဲ ဒီ​နေ့ ပဲ jie နဲ့ အတူ ညစာစားပြီး​ပြေ​ပြေလည်​လည်​ပဲ လမ်းခွဲခဲ့တာ..

Jie မချစ်​မှနိးသိလို့ လမ်းခွဲတာလားဆိုရင်​​တော့ အင်း..အ့တာလည်းပါသလို ​ကောင်​​လေး​နောက်​ကွယ်​မှာ မဟုတ်​တာ မလုပ်​ချင်​လို့ လဲပါသည်​။
ဘယ်​လိုပဲ ​ကောင်​​လေးကို မချစ်​ဖူး​ပြော​ပြော ကိုယ်​နဲ့ သူနဲ့ ကသက်​ဆိုင်​သူ​တွေမလား..

သေချာတာ​တော့ ရိ​ပေါ်လည်း ​ကောင်​​လေးနဲ့ အဆင်​​ပြေ​ပြေ​နေချင်​သည်
ရိ​ပေါ်တို့ လက်​ထပ်​ထားတဲ့ သုံးလတာအတွင်းမှာ ​ကောင်​​လေးဘက်​က ဘာမှ တာဝန်​ပျက်​ကွက်​တာမရှိသလို ရိ​ပေါ်ကိုယ်​တိုင်​လဲ ​ကောင်​​လေးရဲ့ ဂရုစိုက်​မှု​တွေနဲ့ အသားကျ​နေပြီလို့ ပဲ ​ပြောရမလား
ရိ​ပေါ်​ကောင်​​လေးကို မချစ်​လာ​သေး​ပေမယ့်​ အချစ်​ခံရတာကို​တော့ ရိ​ပေါ် သ​ဘောကျ​နေတတ်​ခဲ့ပါပြီ..

အခုလဲ အဆင်​​ပြေ​ပြေ​နေပါမယ်​ဆိုကာမှ တလွဲ​တွေချည်းဖြစ်​လာ​တော့ တကယ်​​ခေါင်းရှုပ်​ရပါသည်​..။

ပြောရရင်​ ရိ​ပေါ်က လူတစ်​မျိုး
ချုပ်​ခြယ်​တာမျိုး ခြိမ်း​ခြောက်​တာမျိုး ရိ​ပေါ် သိပ်​မုန်းတယ်
ပြီး​တော့ ​တော်​ရုံလူမသိတဲ့ ရိ​ပေါ်ရဲ့ Dark side က စိတ်​ဆိုးလာရင်​ တစ်​ဖက်​လူ ခံစားရမယိ့အရာ​တွေပဲ ​ရွေး​ပြောတတ်​တာ..​ကောင်​​လေးခံနိုင်​ရည်​ရှိပါ့မလား​တော့ရိ​ပေါ်လည်း မသိပါ..ဟူး..

BE MINE(Completed)Where stories live. Discover now