Part 5

4.7K 358 0
                                    

Alarm သံကို ကြား​တော့ xiao zhan ချက်​ချင်းထပြီး alarm ကို ပိတ်​လိုက်​သည်
နာရီလက်​တံက​တော့ မနက်​ ၅နာရီ တိတိကို ညွှန်​ပြလျက်​..
ကိုကို အိပ်​​ရေးပျက်​မှာကို xiao zhan နည်းနည်း​လေးမှ မလိုလားဘူး

မ​နေ့ ညက ကိုကိုက ညနက်​မှ ပြန်​လာတဲ့အပြင်​မူးလည်းမူးလာတာမို့ သူပဲ ကိုကို့ ကို အခန်းထဲထိ ​ရောက်​​အောင်​သယ်​ခဲ့ရတာမလား

ကိုကို နိုးလာရင်​ ​ခေါင်းကြည်​​အောင်​ တခုခုလုပ်​​ပေးဖို့ xiao zhan ​အောက်​ထပ်​သို့ ဆင်းလာခဲ့လိုက်​သည်

ကိုကိုက မနက်​စာဆို ​ပေါင်​မုန့်ယိုသုတ်​နဲ့ ​ကော်​ဖီပဲ အမြဲစားတာဆိုလို့ ထိုအရာ​တွေပဲ ပြင်​ထားလိုက်​သည်
အခု​နေ ​ပြုံးဖြီး​နေတဲ့ ​ရှောင်းကျန့်မျက်​နှာကို ကိုကိုသာမြင်​ရင်​ မျက်​နှာရူး​လေးလို့ ထင်​ဦးမှာ..
ကိုယ်​ချစ်​ရသူအတွက်​ မနက်​စာပြင်​​ပေးရတဲ့ ခံစားချက်​​ဆိုတာ ဒါမျိုးပဲ​နေမှာလို့ ​တွေးမိ​တော့ Xioazhan က အရူး​လေးလို ထပ်​ပြုံးမိတယ်​..။

ကျွန်​​တော့်​ရင်​ထဲကြည်​နူးလိုက်​တာ ကိုကိုရာ
ကျွန်​​တော့်​ကို မြန်​မြန်​ပြန်​ချစ်​ပါ​တော့😁

ရိ​ပေါ်နိုးလာ​တော့ ​ခေါင်းက ဆစ်​ခနဲ
မ​နေ့ က ​ဟောက်​ရွှမ်းဆိုတဲ့​ကောင်​ အတင်းတိုက်​တာနဲ့ သူ့ ပါးစပ်​ထဲ တစ်​ခွက်​ပြီး တစ်​ခွက်​ဝင်​သွားတာ လူမှန်းသူမှန်းမသိတဲ့အထိပဲ

ဘေးက ​နေရာလွတ်​ကို တစ်​ချက်​ကြည့်​လိုက်​​တော့ ဟိုက​လေးကရှိမ​နေ
ရိ​ပေါ်လည်း ရုံးတက်​ရမှာမို့ ​ထွေ​ထွေထူးထူး.​တွေးမ​နေ​တော့ပဲ ပြင်​ဆင်​ရန်​ ​ရေချိုးခန်းထဲ ဝင်​​တော့ ​ဘေစင်​​ပေါ်မှာ သွားပွတ်​တံတစ်​​ချောင်း သွားတိုက်​​ဆေးနဲ့ အဆင်​သင့်​..
ဘာရယ်​​တော့မ​တွေး ဒီတိုင်းပဲ ယူတိုက်​လိုက်​သည်​ 
မဆိုးပါဘူး ​ကောင်​​က​လေးက အလိုက်​​တော့သိသား..

ရှောင်းကျန့်​အ​ပေါ်ထပ်​က ​ရေသံကြားလို့ ကိုကိုနိုးပြီဆိုတာ တန်းသိလိုက်​တယ်
ကိုကို့ ကို အကျီအဝတ်​အစားထုတ်​​ပေးဖို့ သီချင်း​လေးညည်းပြီး အ​ပေါ်တက်​ခဲ့လိုက်​သည်​။

BE MINE(Completed)Where stories live. Discover now