ရိပေါ် ဆေးအရှိန်နဲ့ အိပ်ပျော်နေတဲ့ ကောင်လေးကို စောင့်နေရင်း ဆေးရုံခန်းထဲက ထိုင်ခုံပေါ်မှာ မှေးခနဲအိပ်ပျော်သွားပြီးမှ
ခြေထောက်က ယားကျိယားကျိ နဲ့ မို့ အိပ်မှုန်စုံဝါး မျက်လုံးဖွင့်ကြည့်လိုက်တော့ ထင်သည့်အတိုင်း
တရားခံက အသေးလေး..ကောင်လေးက သူ့ ခြေထောက်နားမှာ ဆောင့်ကြောင့်လေး ထိုင်ပြီး ခြေကျင်းလေး တစ်ခုဝတ်ပေးနေတာ..
"နိုးပြီလား ကောင်လေး..ကျစ်.. အပ်ကို ဘယ်သူ့ ခွင့်ပြုချက်နဲ့ ဖြုတ်ရတာလဲ ကောင်လေးက ဆိုးလိုက်တာကွာ..."
သူ.့ကို ဆိုးလိုက်တာလို့ ပြောတော့ မျက်နှာလေးက ခဏတော့ငယ်သွားလေရဲ့ ...
သူဝမ်းနည်းသွားပါတယ်ပေါ့လေ..ဟွန်း ကောင်စုတ်လေး"ဒီမှာ ကိုကိုရ
ကျွန်တော်ကိုကို့ ကို ပေးဖို့ ဟိုနေ့တည်းက ဆိုင်မှာသေချာသွားအပ်ထားတာ ဒီနေ့ က ကျွန်တော်တို့ နှစ်ယောက်ရဲ့ ရက်၁၀၀ ပြည့်တဲ့နေ့ လေ ကိုကိုရဲ့ ..
ဟီး..ရက်တစ်ရာတောင်ရှိပြီနော် ကိုကို "ဒီလို အမှတ်တရနေ့ တွေဆို ကောင်လေးက အမှတ်တရရှိသလောက် ရိပေါ်က မသိတာများခဲ့တာမို့ 
ကောင်လေးအပေါ် အားနာစိတ်ဝင်မိတယ်..
ရိပေါ် မျက်နှာမကောင်းတာကို ကောင်လေးက သိတယ်ထင်ရဲ့ "ကိုကိုမမှတ်မိလဲရပါတယ်
ကျွန်တော်က ကိုကို့ ဘေးမှာ အမြဲတမ်းရှိနေမှာမို့ 
ကျွန်တော်ကပဲ မှတ်မိပေးရင်ရတာပဲလေ..နော်..မျက်နှာကြီးက အ့လိုဆူပုတ်မနေပါနဲ့ ဗျ""ကိုယ်...ကိုယ်လည်း နောက်မှတ်မိနေအောင်ကြိုးစားမှာပါ.."
Xiaozhan ဆွံ့အသွားမိတယ်
ဒါကိုကို့ ဘက်က xiaozhan နဲ့ ကိုကို့ ရဲ့ အမှတ်တရနေ့ လေးတွေကို လိုလားတဲ့သဘောမလားဟင်..."ဟို အ့တာဆို ဒီနေ့ က ကိုယ်တို့ နှစ်ယောက်ရဲ့ အမှတ်တရနေ့ ဆိုတော့..ဟို.."
YOU ARE READING
BE MINE(Completed)
Fanfictionကျွန်တော်တို့ ၂ယောက်ရဲ့ ဇာတ်လမ်းလေး..💚 Yizhan marriage life လေးပါ..