"ဟား..အ့ဒီတော့ မင်းတို့ က ဘာဆိုဘာမှ မဘာရသေးဘူးပေါ့ မင်းကလဲ ငါ့သူငယ်ချင်းဝမ်ရိပေါ် မပီသလိုက်တာကွာ"
ရိပေါ်မရောက်တာကြာလို့ ဟောက်ရွှမ်းတို့ club မှာ ဆေးဖြစ်ဝါးဖြစ်လေးသောက်မယ်ကြံသေး
မတွေ့ တာကြာတဲ့ သူငယ်ချင်းကို ဒင်းမေးတာက ကောင်လေးကို ပါကင်ဖောက်ပြီးပြီလားတဲ့လေ.."ဖြည်းဖြည်းပေါ့ကွာ ကောင်လေးကလည်း အ့ဒါမျိုးတွေ တွေးတဲ့ပုံမပေါ်ဘူး ပြီးတော့ ကလေးက အခုမှ အသက်ပြည့်ကာစလေ"
"လျှော်စမ်းပါကွာ အ့ကောင်လေးက ထန်မယ့်ပုံပါ
မင်းနဲ့ ဆိုရင် အသေရရ အရှင်ရရ ရုပ်လေး ဟားဟား"ရိပေါ်ဒေါသတွေက ထောင်းခနဲ..
ကောင်လေးကို ဒါမျိုးပြောတာ ရိပေါ် လူံးဝမခံနိုင်ပါအမြဲတမ်း လုံးပန်းနေခဲ့ရတဲ့ ရိပေါ်ဘဝက ကောင်လေးနဲ့ တွေ့ မှ အေးချမ်းခဲ့တာ..
ရိပေါ်ဟာလည်း အချစ်ခံရဖို့ ထိုက်တန်တဲ့ လူတစ်ယောက်ဆိုပြီး ခံစားလာရအောင် ကောင်လေးကပဲ ချစ်ပေးခဲ့တာ..
အခုဆို ကောင်လေးနဲ့ နေရတာ ရိပေါ် ပျော်နေပြီ..ကောင်လေးကို သူမချစ်သေးပေမယ့် အင်း..မချစ်သေးဘူးလို့ တော့ထင်ပေမယ့် ကောင်လေးက သူ့ ကို အချစ်သန့် သန့် လေးနဲ့ ချစ်တာကို ရိပေါ်တကယ်သိသလို အသိအမှတ်လဲ ပြုတယ်
"ဟောက်ရွှမ်း မင်းစကားပြောတာဆင်ခြင်
မင်းနေရာမှာ တခြားလူဆိုရင် ငါဆွဲထိုးပြီးပြီ.."လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး
တစ်လုံးချင်းဆီပြောနေသည့် ရိပေါ်ပုံစံက အရမ်း serious ဖြစ်နေမှန်း ဟောက်ရွှမ်းသိတယ်တကယ်တော့ ဟောက်ရွှမ်းကလဲ ရိပေါ် ဟိုကောင်လေးအပေါ် ဘယ်လိုသဘောထားလဲ သိချင်လို့ တမင်ကို စကားနာထိုးလိုက်တာ..
"မင်းကိုတမင်စမ်းတာပါကွ ဘယ်လိုလဲ ဝမ်ရိပေါ် ချစ်မိနေပြီလား"
YOU ARE READING
BE MINE(Completed)
Fanfictionကျွန်တော်တို့ ၂ယောက်ရဲ့ ဇာတ်လမ်းလေး..💚 Yizhan marriage life လေးပါ..