Xiaozhan ဖုန်းချပြီး ကမန်းကတန်းပဲ ပြင်ဆင်နေလိုက်တယ် နာရီကို လှမ်းကြည့်လိုက်တော့ 3:00 တိတိ..
အားယိုး..တစ်နာရီပဲလိုတော့တယ်
Xiaozhan က ကိုကို့ ထက် နာရီဝက်လောက် စောရောက်ချင်တာမို့ မြန်မြန်ရေမိုးချိုးပြီး
သူနဲ့ လိုက်တယ်လို့ ကိုကိုတစ်ခါပြောဖူးတဲ့
အစိမ်းရောင်ဆွယ်တာလေးကို ဝတ်ပြီး
ခပ်သွက်သွက်ထွက်လာခဲ့လိုက်တယ်..လမ်းမှာ ကြိုးသိုင်းအိတ်လေးလွယ်ပြီး ခုန်ဆွဆွနဲ့ လမ်းလျှောက်နေတဲ့ xiaozhan က လိုတာထက် ပိုပြီး တက်ကြွနေခဲ့ပါတယ်..
ဒါပေမယ့်လည်း ကိုကိုလိပ်စာပို့ ထားတဲ့ နေရာရှေ့ ရောက်တော့ xiaozhan မျက်နှာလေးက ငိုမဲ့မဲ့..
ဘာလို့ ဆို xiaozhan က ဒီတိုင်း ရိုးရိုးစားသောက်ဆိုင်လေး မှတ်တာလေ အခုဟာက fine dining ဆိုင်အကောင်းစားကြီးဆိုတော့ အိမ်ကိုပဲ အကျီပြေးလဲရင်ကောင်းမလား ဘာလုပ်ရမလဲ တွေးပြီး တကယ် ငိုချင်လာပြီ..
ဒီလိုမှန်းသိရင် လူကြီးနဲ့ တူအောင်ဝတ်လာခဲ့ပါတယ်ကိုကိုကလဲ xiaozhan ကို ကြိုမပြောဘူး..ရောက်မှ ရစ်ပြမယ်..ဟွန့်
ခပ်ရှိန်ရှိန်နဲ့ ဆိုင်ထဲ ဝင်သွားတော့ ရှောင်းကျန့် ကို လာခေါ်တဲ့ waiter အကိုကြီးတစ်ယောက်..
အင်..ဆိုင်က အဆန်းကြီး
Xiaozhan အံ့သြတာလည်း မဆန်းဘူး
တစ်ဆိုင်လုံး အဖြူရောင်တွေ ဝတ်ထားကြတာ
ပြီးတော့လည်း အားလုံးက စုံတွဲတွေ ဖြစ်ပုံထောက်တယ် ခုံတစ်ဝိုင်းစီမှာ အမျိုးသားနဲ့ အမျိုးသမီး ၂ယောက် မျက်နှာချင်းဆိုင် ထိုင်နေပြီး သူတို့ နှစ်ယောက်ရဲ့ရှေ့ မှာ နှင်းဆီအနီ ထိုးထားတဲ့ ကြွေခွက်လေး တစ်ခွက်လည်း ရှိနေတယ်..။ခုံတွေ အားလုံးမှာ အ့လိုမျိုးတစ်ပုံစံတည်း..။
ဒီနေ့ က valentine နေ့ လားအကို လို့ ဘေးက waiter လေးကို မေးတော့လဲ ပြုံးပဲနေတော့ မေးတဲ့ xiaozhan ကပဲ အရူးလေးကျနေရောပဲ..ဟွန့်..
YOU ARE READING
BE MINE(Completed)
Fanfictionကျွန်တော်တို့ ၂ယောက်ရဲ့ ဇာတ်လမ်းလေး..💚 Yizhan marriage life လေးပါ..