Finale

8.5K 425 10
                                    

လျှောက်​လမ်းအဆုံးမှာ သူ့ ပါပါးရဲ့ လက်​ကို ကိုင်​လို့ အဖြူ​ရောင်​ဝတ်​စုံ​လေးနဲ့ မတ်​တပ်​ရပ်​​နေတဲ့
ကောင်​​လေးကို ကြည့်​ပြီး ရိ​ပေါ်ရဲ့ မျက်​ရည်​​တွေကလည်း မဖိတ်​​ခေါ်ပဲ ထပ်​ပြီးဝဲတက်​လာသည်​..။

ဒီ​နေ့ က ရိ​ပေါ်နဲ့ ​ကောင်​​လေးရဲ့ ဒုတိယ အကြိမ်​​မြောက်​ လက်​ထပ်​တဲ့ ​နေ့ ​လေး..။
တိတိကျကျ ​ပြောရရင်​ ဒီ​နေ့ က ​ကောင်​​လေးရဲ့ ​မွေး​နေ့ ဖြစ်​သလို ရိ​ပေါ်တို့ အိမ်​​ထောင်​သက်​ ကိုးလပြည့်​တဲ့​နေ့ ​မို့ ဒီ​နေ့ ​လေးကို အထိမ်းအမှတ်​​နေ့ ​လေးအဖြစ်​​ ရိ​ပေါ်က ​ရွေးခဲ့တာ..။

"ဤမင်္ဂလာပွဲကို ကန့်ကွက်​သူရှိပါသလား"

ဘိသိက်​ဆရာရဲ့ စကားအဆုံး
"မရှိပါဘူး.."
ပွဲလာတဲ့ သူ​တွေအားလုံး ဆီက တစ်​ပြိုင်​နက်​တည်း တက်​ညီလက်​ညီ ထွက်​လာတဲ့ ​အော်​သံ​ကြောင့်​ ၂​ယောက်​သား အသံထွက်​ပြီး​တော့သာ ရယ်​လိုက်​မိသည်​..။

"ကဲ..သတို့ သားနဲ့ သတို့ သား နမ်း..နမ်းနိုင်​.."

စကား​တောင်​မဆုံး​သေး ထပြီးနမ်းကြတဲ့ အ​ရှေ့ က သတို့ သား​လေး၂​ယောက်​​ကြောင့်
လုပ်​သက်​ရင့်​​နေပြီဆိုတဲ့ ဘိသိတ်​ဆရာကြီး​တောင်​ ပါး​တွေ နီ​ဆွေး​လာ​လေရဲ့ ..။

ပထမတစ်​​ခေါက်​ကလဲ သူပဲ ဒီလူငယ်​​လေး၂ ​ယောက်​ကို လက်​ထပ်​​ပေးခဲ့တာ ဆို​ပေမယ့်​ ​အခုလို ​ပျော်​ရွှင်​စရာလက်​ထပ်​ပွဲ​လေး​မဟုတ်​ခဲ့မှန်း ​တော့ လူကဲခတ်​တတ်​တဲ့ သူက သိတယ်​..။

အင်း အခု​တော့ ​ကောင်​​လေးရဲ့ အချစ်​​တွေ ​ရောင်​ပြန်​ဟပ်​ပြီ​ပေါ့​လေ..လို့ ပဲ ​​တွေးမိ​တော့တယ်​..။

ဒီလိုနဲ့  ဒုတ်​ယအကြိမ်​​မြောက်​ မင်္ဂလာ လက်​ထပ်​ပွဲ​လေး အဆုံးမှာ​တော့ အရာအားလုံးကပုံမှန်​ပါပဲ..။
Xiaozhan ကလည်း ကိုကို့ ကို အရင်​လို ဂရုစိုက်​တယ်​..ကိုကိုကလဲ xiaozhan အ​ပေါ်ကြင်​နာတယ်​..။

ဟန်းနီးမွန်းသွားဖို့ လုပ်​ခဲ့​ပေမယ့်​ ကိုကို့ အလုပ်​​က ညအိပ်​ခရီးသွားလို့ မရတာကြာင့်
မသွားလိုက်​ရတာကိုလဲ xiaozhanက နည်းနည်း​လေးမှ စိတ်​မကွက်​ခဲ့ဘူး..။
ဒါ​ပေမဲ့လည်း အခု တစ်​ပတ်​​လောက်​ကြာပြီးသည်​အထိ နည်းနည်း​တော့ သူ့ စိတ်​ထဲမ​ကောင်းဖြစ်​​နေတုန်းပဲ..။

BE MINE(Completed)Where stories live. Discover now