"ကျန့်ကော!!!ကျန့်ကော တော်တော့ တံခါးဖွင့်!!"
၀မ်ရီပေါ် အခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်
နေမိသည်။ စိတ်လည်းမအေးနိုင် အခန်းထဲမှာသားသား
ကို အပြစ်ပေးနေသည်မို့ သာသား ငိုသံကပိုပြီးကျယ်လာ
လေလေ သူရင်တွေပူလေဖြစ်သည်။ညှာတာခြင်းမရှိတဲ့လူကြီးကတော့သားသားခြေသလုံးပေါ်
ကြိမ်လုံးနဲ့ဘယ်နှစ်ချက်ရိုက်ပီးပီလဲသူမသိ။ သူသိတာသူ
အခုစိုးရိမ်လို့သေတော့မယ်။ ကလေးပဲ တစ်ခါတစ်လေအ
မှားတော့ရှိမှာပေါ့ ကောင်းကောင်းဆုံးမလို့ရတာပဲလေ
အားရှိလက်ပါမယ်ဆိုတာကြီးပဲ ။ ရှောင်းကျန့်စည်းကမ်း
ကြီးတာကိုနားလည်ပါတယ်။ တစ်ခါတစ်လေ စည်းကမ်း
ဆိုတာကြီးကို ရီပေါ်တအားမုန်းတာပဲ တော်ရုံသင့်ရုံပေါ့ရီပေါ် လုံး၀သည်းမခံနိုင်တဲ့အဆုံး အခန်းသော့အပိုကို
မြန်မြန်ပြေးယူကာ တံခါးဖွင့်၀င်သွားလိုက်တော့သည်။
သူ့ကိုတော့ ကျန့်ကော ရိုက်ချင်ရိုက်ပါစေတော့ သားသား
ကိုအခုလိုရိုက်နေတာတော့ ထပ်သည်းမခံနိုင်တော့ပေ။"၀မ်ရီပေါ်!!၀င်မလာနဲ့လို့ပြောထားတယ်လေ"
ရှောင်းကျန့်ရဲ့ ဒေါသတကြီးအော်သံကို ရီပေါ်ဂရုမစိုက်
သားသားကို ဆွဲခေါ်ကာ သူ့ရင်ခွင်ထဲထည့်လိုက်သည်။"မငိုနဲ့တော့နော် ရှောင်း၀မ်လေးက လိမ္မာတယ် လာ
ပါပါးဆေးထည့်ပေးမယ် ပြီးရင် တူတူtvကြည့်ကြမယ်
နော်"ရှောင်း၀မ်လေးခြေသလုံးကိုကြည့်တော့ အက်ကြောင်းထပ်
နေတဲ့ ကြိမ်လုံးရာတွေ ရီပေါ်ရင်ထဲလုံး၀မကောင်း
ရှောင်း၀မ်ကတော့ နာလို့ထင်သည်။အော်ငိုနေရင်းရီပေါ်
ရင်ထဲအတင်းတိုး၀င်ကာ ရီပေါ်ကိုအားကိုတကြီးဖက်ထား
သည်။"၀မ်ရီပေါ် မင်း၀င်မပါနဲ့ ငါသားကိုဆုံးမနေတာ"
သူဆုံးမတဲ့အကြောင်းက သားသားကကျောင်းမှာရန်ဖြစ်
လို့ သူဒီနေ့ရုံးခန်းထိလိုက်ကာ ခံ၀န်လက်မှတ်ထိုးခဲ့ရလို့
တဲ့။ နာမည်ကြီးလုပ်ငန်းရှင်တစ်ယောက်မို့ ကျောင်းမှာ
ခံ၀န်ကတိလိုက်ထိုးရတာ ရှက်ဖို့ကောင်းတာ ရီပေါ်နား
လည်သော်လည်း သားသားကကလေးပဲဟာ အမှားနဲ့ဘယ်
ကင်းမလဲ။ ဆုံးမချင်ရင်တောင်ဒီလောက်ထိမလိုဘူးလို့
ထင်တယ်။