ရီပေါ် စိတ်ဆိုးကာ ကုတင်ပေါ်မှာ ခေါင်းမူးခြုံပြီးအိပ်နေ
လိုက်တယ် ။ သွားစမ်းပါ အဖိုးကြီး လာထိဖို့ကိုမစဉ်းစား
နဲ့ ။မကြာခင် ရှောင်းကျန့်က အခန်းထဲ၀င်လာတယ်။
ရီပေါ် ခေါင်းမူးခြုံပီးစောင်ထဲကနေ သူရှိရာဘက်ကို
မှန်းပီးး စောင်ကြည့်လိုက်တယ်။ရှောင်းကျန့်ကလည်း သူ့ဘာသူ ၀င်လှဲကာအိပ်သွားတယ်။
ဒါဘာသဘောလဲ လာမထိတော့ဘူးလား။ ထိစေချင်လို့
လာထိစမ်းပါ။ လာထိတာနဲ့ ထိလို့မရအောင်ကို တွန်း
ထုတ်ပစ်ချင်လို့ လာထိစမ်းပါ။အချိန်တော်တော်ကြာတဲ့အထိ ငြိမ်သက်နေတော့ရီပေါ်
လုံး၀သည်းမခံနိုင်တော့ ။ ရှောင်းကျန့်ကိုအော်ပြောဖို့
ရာလည်းသူကြောက်သည်။ ဒီတော့တစ်နည်းပဲရှိတော့
သည်။"ကျန့်ကော...ထ..ကျွန်တော်ကျောင်းတက်ချင်တယ်
လို့ ခွင့်ပြုပါလို့ နော်နော်နော်"အိပ်ပျော်သေးပုံမရတဲ့ရှောင်းကျန့်က ချက်ချင်းထထိုင်ပီး
စကားဆိုလာတယ်"ဘွဲ့လိုချင်တယ်ဆို အိမ်မှာပဲစာသင်ပီး အပြင်ဖြေဖြေလို့
ရအောင်ကိုယ်လုပ်ပေးမယ် ကျောင်းတော့မတက်ရဘူး။
မင်းကျောင်းတက်ပီထား သားသားကိုဘယ်လိုလုပ်မလဲ
သူ့အဖွားတွေနဲ့အမြဲသွားထားလို့လည်းမကောင်းဘူးလေ
လူကြီးတွေကိုဒုက္ခပေးသလိုဖြစ်နေမှာ..ရီပေါ်ရာ လိမ္မာပါ
တယ် စကားနားထောင်နော်"ချီးပဲ!! ကလေးချော့သလိုလာချော့နေတာ အဖိုးကြီးမျက်
လုံးထဲ ကိုယ့်ကို ၁၅နှစ်သားလေးလို့မြင်ယောင်နေတုန်းလားသူပြောတာလည်းဟုတ်သလိုပဲ ကိုယ်ကသာကျောင်းတက်
ချင်နေတာ သားသားကိုအမြဲပစ်ထားသလိုဖြစ်သွားမှာမ
လား။ ကျောင်းတက်ချင်တာပဲတွေးလိုက်တာ စာတွေကျက်
ရမှာကိုပါမေ့သွားတယ်။တော်ပြီ မတက်တာပဲကောင်းတယ်"အားးးးးးးး"
ရှောင်းကျန့်ရီပေါ်ကိုချော့ပြောနေတုန်း ဘေးခန်းကနေ
ငယ်သံပါအောင် အော်တဲ့အသံကြီးကြားလိုက်ရတယ်။
ထို့ကြောင့် ရီပေါ်က မြန်မြန်ပြေးပြီး သွားကြည့်လိုက်တယ်။