"ဟုတ်တယ် မဂ်လာဆောင်တော့မို့။ ခုချိန်လောက်ဆောင်ရင်
အတော်ပဲထင်တယ် ပြီးတော့ ရီပေါ်ကောလည်းဗိုက်မထွက်
ခင်""သူမွေးပြီးမှဆောင်လည်းရတာပဲ"
"မရဘူး ခုဆောင်မှာ ထပ်စောင့်ရင် သူများေနာက်ပါသွားရင်
နောက်တစ်ယောက် ရှောင်းကျန့်ကောကောရှာပေးမှာလား
ပြော"ဘေဘီ့အပြောကြောင့် ဘေးမှာထိုင်နေတဲ့ချန်ရှင်းနင်သွား
သည်။ လက်ထက်ချင်တာပေါ့သူလည်း။ ဘေဘီမလွတ်လပ်
မှာစိုးလို့သာ စောင့်နေတာ။ ဘေဘီကသူ့ထက်စိတ်စော
နေတော့လည်း သဘောပေါ့။ ယောက်ဖကြီးဆီကပါမစ်
ပဲလိုတော့တယ်။"ဘေဘီနင်ကလေ မိန်းကလေးဖြစ်ပြီးစကားပြောတာ
လည်းမဆင်ခြင်ဘူးနော်။ ပီးတော့နင့်မိဘတွေတောင်ခွင့်ပြုတာ
ငါကတားစရာဘာလိုသေးလို့လဲ။ ဒါနဲ့ မင်းက ငါ့ညီမကို
ဘာနဲ့ တင်တောင်းမှာလဲ""ကွန်ဒိုတစ်လုံးရယ် ယွမ်သိန်း၅၀ရယ်ပါ"
ရှောင်းကျန့်စိတ်ထဲကနေ ချန်ရှင်းကိုတစ်မှတ်ပေးလိုက်သည်။
မဆိုးဘူးပြောရမှာပဲ။ တစ်ခုတော့ရှိတယ် သူတို့ယူသွားရင်
ရီပေါ်ကို ဘယ်သူကြည့်ပေးမှာလဲ။"နင်တို့မဂ်လာဆောင်ပြီးရင် ရီပေါ်မွေးပြီးတဲ့ထိဒီမှာပဲ
နေပေးဦး""အိုက်ယား။ ရှောင်းကျန့်ကောကောကလည်း ဘေဘီက
ရှောင်းကျန့်ကောအိမ်မှာပဲတစ်သက်လုံးနေဖို့တောင်စိတ်ကူး
ထားတာကို"မဟုတ်သေးဘူးလေ။ နင့်လို ဇိုးမကို တစ်သက်လုံးတော့
ခေါ်မထားနိုင်ပါဘူး။"ဘေဘီ ဟိုလေ ကိုယ်တို့ဘက်က ကွန်ဒိုတစ်လုံးလက်
ဖွဲ့ပေးတာ အဲ့မှာနေကြမယ်လေ"ချန်ရှင်းတို့တော့ယူတောင်မယူရသေးဘူးခုကတည်းကဘူ
ပိတ်နေပြီ"မနေပါဘူး အဲ့ကွန်ဒိုရောင်းစားပြီး ကောဘာသာဘဏ်ထဲ
စုထားလိုက်ပေါ့။ ဘေဘီက ရှောင်းကျန့်ကောတို့နဲ့ပဲနေမှာ
ရှောင်းကျန့်ကော နော် ။ ဘေဘီအတွက် တူမလေးတွေ
တူလေးတွေအများကြီးရအောင်ထပ်ကြိုးစားပေး ဘေဘီ
ထိန်းပေးမယ်မပူနဲ့ ကလေးစရိတ်ပါဘေဘီစိုက်ပေးဦးမှာ"