မိုးတွေသည်းကြီးမည်းကြီးရွာနေသည်။ ရှောင်းကျန့်က
တော့ အလုပ်ပင်ပန်းတာကြောင့် သူတို့ကိုညစာလိုက်
ကျွေးပြီး အိမ်ပြန်လာတာနဲ့အိပ်သွားသည်။ မိုးအေးအေး
နဲ့တော်တော်လေးအိပ်လို့ကောင်းနေမှာပဲ။လျှပ်စီးတွေလည်းလက် မိုးတွေလည်းခြိမ်းနေတာကြောင့်
ရှောင်း၀မ်ကြောက်နေမှာစိုးလို့ ရီပေါ်က ရှောင်း၀မ်အခန်း
ထဲရောက်ကာ ရှောင်း၀မ်ကိုချော့သိပ်နေသည်။"ရှောင်း၀မ် လောကမှာ အရေးကြီးဆုံးကဘာလဲသိလား"
"လောကမှာအရေးအကြီးဆုံးက မိဘပဲ ပါပါးးး"
ရီပေါ်က သဘောတကျရယ်ကာရှောင်း၀မ်ခေါင်းလေးကို
ပုတ်လိုက်သည်။"ငါ့မှာမိဘမှမရှိတော့တာ .. ငါ့အတွက်တော့အရေးကြီး
ဆုံးက မင်းဒယ်ဒီ ပိုက်ဆံအိတ်ပဲ ဟဲဟဲ"ဟုတ်တယ် ရီပေါ်ကငယ်ငယ်လေးကတည်းကမိဘတွေ
မရှိတော့တာမို့ အဖိုးအဖွားတွေလက်ထဲမှာပဲကြီးပြင်းခဲ့
ရတာ။"ဟွန်းး ပါပါးကလည်းး....သားသားကို ပုံပြင်ပြောပြ
ဦးလေ""ပြောပြမယ် .. လာ"
ကုတင်ပေါ်တွင် ရီပေါ် သားသားကိုရင်ခွင်ထဲထည့်လိုက်
ပြီးး ပုံပြင်စပြောပြလိုက်သည်။"ဟိုးရှေးရှေးတုန်းက အရမ်းချောတဲ့မင်းသားလေးတစ်
ယောက်ရှိတယ် .. အဲ့မင်းသားလေးက ရုပ်လည်းအရမ်း
ချော မြင်သူတိုင်းကြွေ လူချစ်လူခင်လည်းအရမ်းများ
သူ့ကိုလိုချင်နေတဲ့ကောင်မလေးတွေဆိုလည်းအများကြီးတဲ့
သူကအရမ်းလည်းသဘောကောင်းတာတဲ့ အဲ့မင်းသားလေး
နာမည်က ၀မ်တဲ့....တစ်နေ့ကျတော့ စုန်းထီးကြီးက
မင်းသားလေးကို အိမ်ထဲပိတ်ထားတာတဲ့ စုန်းထီးကြီးနာမည်
ကရှောင်းတဲ့ သူကမင်းသားလေးကိုမနာလိုနေလို့ အိမ်ထဲ
ပိတ်ထားတာလေ"ရှောင်း၀မ်က သူ့ပါပါးပြောနေတာ သူ့ဒယ်ဒီကိုမှန်းနား
လည်တဲ့အခါ ရယ်တယ်။"ဟားးဟားးပါပါးကလည်း..ဒယ်ဒီက ပါပါးကိုအိမ်ထဲက
မထွက်ခိုင်းတာ ပါပါးကိုကြိုက်နေတဲ့လူတွေ ပါပါးကိုလိုက်
နှောင့်ယှက်မှာစိုးလို့နေမှာပေါ့...."