မနက်ရောက်တော့ရီပေါ်မထနိုင်ပေ။ ချန်ရှင်းတို့ကိုတော့
နေမကောင်းဘူးဟုသာလိမ်ထားရသည်။ မဟုတ်ရင်ရှက်
စရာကြီးမလား။ လုပ်ချင်လုပ်လို့၀သွားတဲ့အဖိုးကြီးကထုံးစ
အတိုင်း ဆေးတွေ၀ယ်ပေးခဲ့ကာ အလုပ်သွားပြီ။ကျောင်ပိတ်
ရက်မို့ သားသားက သူ့ပါပါးနားသာထိုင်ကာအဖော်လုပ်
ပေးနေသည်။"ဟေ့ရောင် ရီပေါ် နေမကောင်းလို့ဆို"
ရီပေါ်သာသားနဲ့ကာတွန်းကားကြည့်နေတုန်း အခန်းတံခါး
ကိုလူလိုသူလိုမဖွင့်ပဲ ဝုန်းခနဲဖွင့်ကာ၀င်လာတဲ့ ချန်ရှင်းနဲ့
သူ့ဘေဘီယွစိ။"ဘာလာလုပ်တာလဲ"
ရီပေါ်က မျက်စောင်းထိုးကာမေးလိုက်သည်
"ဘာလာလုပ်ရမှာလဲ။ ဘေဘီကမင်းစားဖို့ကြေးအိုး၀ယ်
လာပေးလို့လာပေးတာလေ မင်းကိုသေချာပန်းကန်နဲ့တောင်
ထည့်လာပေးတာ မမြင်ဘူးကန်းနေတာလား ကျေးဇူးမသိ
တတ်တဲ့ကောင် ။ ပြစမ်း သေခါနီးပြီလားလာကြည့်လား"ဆိုကာချန်ရှင်းက ရီပေါ်နဖူးကိုစမ်းလိုက်သည်။ နဖူးက
ပူမနေ။"မင်းပြောတော့နေမကောင်းလို့။ ငါစမ်းကြည့်တာတော့
အကောင်းကြီးပါ"ရီပေါ်လန့်သွားသည်။ရဲစစ်လာစစ်နေတဲ့ သူငယ်ချင်းကြောင့်
"ပါပါးက ခေါင်းမူးပီး ကိုယ်တွေလက်တွေကိုက်နေတာမို့
ဒယ်ဒီကအကိုက်ခဲပျောက်ဆေးတွေတောင်၀ယ်ပေးသွားတာ
ပါပါးကိုယ်မပူပါဘူး ကောကောရဲ့"သားသားကအလိုက်တသိဝင်ဖြေပေးတော့ရီပေါ်နည်းနည်း
စိတ်သက်သာရာရသွားသည်။"ဟုတ်တယ် ရာသီဉတုကအေးတော့ ကိုက်ခဲနေတာ"
ရီပေါ်ကို ချန်ရှင်းက မယုံသက်ာအကြည့်ကြည့်သည်။
နေပါဦးးဒီကောင်က ဘာကိစ္စငါ့ကိုလာပြီး စစ်ဆေးမေးမြန်း
နေရတာလဲ။သူကငါ့အဖေမို့လို့လား ။ ငါ့ယောက်ျားနဲ့တူတူ
အိပ်တာတောင် သူ့ကို ရီပို့တင်ရဦးမှာလားးး။"အော်...ဟုတ်လားး ငါတို့ကျောင်းသားဘ၀တုန်းကဆို
မင်းမိုးရေထဲအသေကမြင်းတာတောင်ဘာမှမဖြစ်ဖူးလေ..
ခုမှ ဘာထဖြစ်...အော်သိပြီ...ကြည့်ရတာ သက်လုံ
မကောင်းတော့လို့ထင်တယ်"