Part-(28)

15.8K 1.6K 88
                                    

အခုချိန်ဆိုရင် ရီပေါ် ကိုယ်၀န် 4လကျော်5လထဲ
ရောက်ပြီမို့ ဗိုက်ကလေး မသိမသာဆူထွက်လာပြီ
ဖြစ်သည်။ ဒီလိုပါပဲ သူ့အချိန်တွေက သားသားနဲ့
ဆော့လိုက် အိပ်လိုက် ရှောင်းကျန့်ကိုအနိုင်ကျင့်လိုက်
နဲ့ သာယာနေသည်။ အခုလည်း အိမ်မှာသားသားနဲ့
နှစ်ယောက်ထဲ တီဗီကြည့်ရင်းဇိမ်ကျနေတာ ဘေဘီ
ကတော့ တစ်အိမ်လုံးအလုပ်သူလုပ်ရသည် မဟုတ်
ရင် ကျန့်ကောက အိမ်ပေါ်က မောင်းချမည်ပြော
ထားသည်။

ချန်ရှင်းကလည်း ဘေဘီ့ကိုမလုပ်စေချင်ပေ။ ဘေဘီ
ကလည်း ကျန့်ကောအိမ်မှာပဲနေချင်နေတာတကဲကဲ။
ဒါကြောင့် အိမ်အလုပ်သူလုပ်သည်။ ချန်ရှင်းအလုပ်က
ပြန်လာရင် ချန်ရှင်းကိုပါခိုင်းသည်။ ထိုလင်မယားက
တော့ ရီပေါ်ကို မကြည်နေမှာကျိန်းသေပဲ။ ရီပေါ်ဖွ
သမျှ သူတို့ပဲဒိုင်ခံရှင်းနေရ‌တာလေ။

အခု ည8နာရီ အဖိုးကြီးပြန်မလာသေးပေ။ မိတ်ဆုံစားပွဲရှိ
တာမို့ နောက်ကျမည်ဟုပြောထားသည်။ နောက်ကျလည်းရီ
ပေါ်က‌မစောင့်နိုင်ပါ။ အိပ်စရာရှိတာ အိပ်ရမည်။ အိပ်ရေး
ပျက်လို့မဖြစ်ပေ။ သားသားကို သူ့အခန်းထဲမှာအိပ်ပျော်
အောင် အရင်သိပ်ပြီးမှ ရီပေါ်လည်း ကိုယ့်အခန်းထဲကိုယ်
၀င်အိပ်လိုက်သည်။ 8နာရီကစောသေးတယ်ဆိုပေမယ့်လည်း
ရီပေါ်ကတော့ အိပ်ချင်နေသည်။ မွေးလာတဲ့ကလေးလေးက
ကာလနဂါးပေါက်စလေးများလားမသိဘူး။

.......

ည11နာရီ ရှောင်းကျန့်အိမ်ပြန်ရောက်လာသည်။

"ရှောင်းကျန့်ကော မူးနေတာပဲ ဘယ်လောက်တောင်
သောက်လာတာလဲ ဒီကကောင်လေးကျေးဇူးပါနော်
အမ မုန့်ဖိုးပေးလိုက်မယ်"

အကိုဖြစ်သူက အိမ်ထိလိုက်ပို့ပေးသော ဆိုင်က၀န်ထမ်း
ဖြစ်ပုံရမယ့်ကောင်လေးကိုဘေဘီမုန့်ဖိုးပေးလိုက်သည်။
ချန်ရှင်းကအခန်းထဲမှာ အလုပ်ရှုပ်နေသည်။ ကားသံကြား
တာကြောင့် ဘေဘီထကြည့်တော့ မူးပြဲပြီး ပြန်လာတဲ့
သူ့အကို။

ဘေဘီက ရှောင်းကျန့် လမ်းမလျှောက်နိုင်မှာစိုးလို့ တွဲကူ
ပေးသော်လည်း ရှောင်းကျန့်က အတင်းတွန်းထုတ်ကာ
သူ့ဘာသူယိုင်နဲ့နဲ့နဲ့ အပေါ်ထပ်ကိုတက်သွားသည်။ ဘေဘီ
လည်း အမြင်ကပ်ပုဒ်မနဲ့ဖြစ်ချင်ရာဖြစ်ဆိုပြီးလွှတ်ပေး
လိုက်သည်။

MARRIAGE LIFE WITH A COLD MAN[Zhanyi/Complete]Opowieści tętniące życiem. Odkryj je teraz