Part-(29)

15.6K 1.6K 101
                                    

"ဘာမှမလုပ်ဖူးနော် ငြိမ်ငြိမ်နေ ဒါလေးဖြုတ်ပေးမို့
အိပ်ရတာခက်နေမှာပေါ့ ကိုယ်ဘာမှမလုပ်ဖူးနော်
ဖြုတ်ထားလိုက်"

ရီပေါ်က သူ့ဘောင်းဘီပေါ်က သော့ခလောက်ကိုလက်
ဖြင့်အတင်းအုပ်ကာ ရှောင်းကျန့်ရန်ကကာကွယ်နေသည်။

"မယုံပါဘူး ဒီတိုင်းပဲအိပ်မယ်"

"ရီပေါ်မဆိုးစမ်းနဲ့ကွာ !မင်းအိပ်ရတာ သက်တောင့်သက်
သာမရှိမှာစိုးလို့ပြောနေတာ!!မနေ့ကလည်းမူးပြီးဖြစ်သွား
တာမို့တောင်းပန်တယ်"

လုပ်ချင်တာလုပ်ပြီးမှ တောင်းပန်တယ်တဲ့ လူကိုလာအော်
လိုက်သေးတယ်။ သူ့ကြောင့် ခုထိခါးနာနေပြီးကောင်း
ကောင်းအိပ်လို့မရတာလေ သက်သာ‌သက်သာမအိပ်ရတာ
လည်းသူ့ကြောင့်လေ လမ်းလျှောက်ရင်ကွတကွတဖြစ်နေလို့
ဘေဘီက သူ့ကိုသံသယအကြည့်နဲ့ကြည့်သေးတယ်

"ကျွန်တော့ကိုမအော်နဲ့!!!!"

ရီပေါ်က ရှောင်းကျန့်ကိုပြန်အော်ကာပြောလိုက်သည်။
မျက်ရည်လေးလည်းမဆိုစလောက်ဝဲနေသည်။သူ့ကိုရှောင်း
ကျန့်ကစိတ်မရှည်ဘူး။ ဒါလေးလုပ်ပေးရတာကို

"ဟူးး ဆောရီးကွာ ‌တောင်းပန်တယ်ဟုတ်ပြီလား
သော့ကြီးဖြုတ်ပြီးအိပ် ကိုယ်မအော်လိုက်သင့်ဘူး"

ရီပေါ်က တရှုံ့ရှုံ့နဲ့ လက်ထဲကသော့နဲ့သော့ခလောက်ကို
ဖြုတ်ကာ သော့ကို ကြမ်းပြင်ပေါ်သို့ပစ်ပေါက်လိုက်သည်။
ဒုန်းခနဲမြည်လာတဲ့အသံက ရှောင်းကျန့်ကိုလန့်သွားစေသည်။
စိတ်ကြီးလိုက်တဲ့ဗိုက်ကြီးသည်လေးပါပဲ။

ပြီးတော့သူ့ဘာသူ စောင်ခြုံပြီးပြန်အိပ်နေတယ်

"ရီပေါ် နှာစေးနေတာလား ။ ‌အားဆေးရောသောက်ပြီး
ပြီလား..ကိုယ် နှာစေးပျောက်ဆေးသွားယူပေးမယ်အစား
တစ်ခုခုစားပြီးဆေးသောက်ပြီးမှအိပ်နော်လိမ္မာတယ် ကိုယ်
စားစရာတစ်ခုခုလုပ်ပေးမယ်"

အလုပ်ကပြန်လာပြီး ရီပေါ်ဝေယျာ၀စ္စလိုက်လုပ်ပေးရ
တာ ရှောင်းကျန့်ပင်ပန်းတယ်လို့မခံစားရပေ။ ဒီပေါက်
စီလုံးဗိုက်ကြီးသည်လေးကို ပြုစုယုယပေးနေရတာကိုက
သူ့မှာ အူတွေကလီစာတွေပြုတ်ထွက်မတက်အသည်း
ယားလွန်းသည်။ တစ်နေ့တခြားဖောင်းကားလာတဲ့ပါးတွေ
ရယ် ပူလာတဲ့ဗိုက်ကလေးရဲ့ ဆတ်လွန်းတဲ့စိတ်ကလေးရယ်
ရှောင်းကျန့်ချစ်မ၀ဖြစ်နေတာမှားလားပြောပါတော့

MARRIAGE LIFE WITH A COLD MAN[Zhanyi/Complete]Hikayelerin yaşadığı yer. Şimdi keşfedin