"ကျန့်ကော ၀ယ်လာတဲ့အကျီက အရမ်းပွနေတယ် "
မှန်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ဟိုလှည့်ဒီလှည့်ကြည့်ရင်းစိတ်
တိုင်းမကျဖြစ်နေသူက ၀မ်ရီပေါ်။ သူခဏနေရင် မဂ်လာ
ဆောင်ကိုသွားရတော့မှာမို့ ကျန့်ကော သူ့အတွက်မှာပေးထား
တဲ့အကျီကို၀တ်ပြီးစိတ်တိုင်းမကျဖြစ်နေသည်။သားဖြစ်သူကတော့ သူ့ဒယ်ဒီ၀ယ်ပေးတဲ့suitလေးနဲ့
Fixဖြစ်နေသလောက် သူကတော့ ပွပွကြီး ။ရှောင်း
ကျန့်အဖိုးကြီးလည်းသားနားနေတယ်။ ဒီမဂ်လာပွဲမှာ
သူပဲ ကြည့်မကောင်းဖြစ်နေတော့မှာ။"ရီပေါ်ရာ ကိုယ်ကသေချာအတိုင်းပေးပီးမှာထားတာ
အပွပဲ၀တ်စေချင်လို့လေ။ အကြပ်ဆိုရင် ဗိုက်ထဲက
ကလေးလေးအနေကြပ်နေမှာပေါ့။ပြီးတော့ မဆိုစ
လောက်လေး ပူနေတဲ့ဗိုက်ကလေးကိုအားနာပါဦး""ကျန့်ကောကလည်း ဘယ်နားပူသေးလို့လဲ ဒီ
လောက်ပြားကပ်နေတာကို ""ဘယ်လိုပဲဖြစ်ဖြစ်ကွာ ကိုယ့်စကားနားထောင်လိုက်
လာသွားကြမယ် နောက်ကျနေတော့မယ်"ရီပေါ်မျက်နှာဆူပုတ်ပုတ်နဲ့ရှောင်းကျန့်ဆွဲခေါ်ရာနောက်ပါ
သွားတော့သည်။.........
မဂ်လာပွဲရောက်တော့ ပွဲတစ်ခုလုံးကိုအပြာနုရောင်တွေနဲ့
သာ ပြင်ဆင်ထားပြီး ချန်ရှင်းနဲ့ဘေဘီ၀တ်ထားတာလည်
မိုးပြာရောင်တွေချည်းပဲ။ ကြည့်ရဆိုးလိုက်တာ ဟွန်းး
ရီပေါ်နဲ့ကျန့်ကောမဂ်လာဆောင်လောက်တောင်မလှဘူးရီပေါ်တို့တုန်းကဆို မဂ်လာပွဲကိုဈေးအကြီးဆုံးဟိုတယ်
ရဲ့ ခေါင်မိုးမှာ အကြီးအကျယ်ကျင်းပတာ ။ ရေကူးကန်
လည်းရှိတယ် ပွဲတစ်ခုလုံးကအဖြူအမည်းတွေချည်းဆို
တော့ ကျက်သရေရှိချက်ပဲ ရီပေါ်၀တ်တဲ့အကျီဆိုရင်
အဖိုးကြီးက ကမ္ဘာလုံးမှာ တစ်ထည်ပဲရှိတဲ့ဒီဇိုင်းမျိုးအော်
ဒါမှာပေးတာ အဲ့ကတည်းကရီပေါ်သိသင့်တာ အဖိုးကြီး
သူ့ကိုကြိတ်ကြွေနေမှန်းခု ဘေဘီတို့မဂ်လာပွဲက ကလေးကုလားမိုးပြာရောင်တွေ
နဲ့။ရီပေါ်တော့ မဂ်လာပွဲနေ့ကိုပြန်တွေးကာ ဂုဏ်ယူမဆုံး
တရုတ်ပြည်တစ်ခုလုံး သူတို့လောက်ကြီးကျယ်ခမ်းနားတဲ့
မဂ်လာပွဲမျိုး ရှိမှာကိုမဟုတ်တော့ဘူး။