"နောက် နှစ်ရက်နေရင် ဘေဘီ့မွေးနေ့နော် စပရိုက်ပေး
ဖို့ပြင်ထား။ဒါပဲ ဟွန်းး အပြင်သွားဦးမယ် ပိုက်ဆံပေး"ဘေဘီက ချန်ရှင်းကိုအနိုင်ကျင့်ကာပိုက်ဆံတောင်းသည်။
ချန်ရှင်းခင်ဗျာလည်း သူရှာသမျှဘေဘီသုံးဖို့အတွက်ပဲဆို
ပြီး။မငြီးမငြူပေးသည်။ ခုလည်း သူ့မွေးနေ့အတွက်စပရိုက်
ပေးဖို့ပြင်ထားတဲ့။ သူကစပရိုက်ပေးလို့ပြောလို့ကိုယ်ကစပရိုက်
သွားပေးရင်ဘယ်လိုလုပ်စပရိုက်ဖြစ်တော့မှာလဲ။ ခေါင်းခြောက်
နေပြီ။ နောက်ဆုံးတော့ ဟိုဗိုက်ကြီးသည်သူငယ်ချင်းကိုပဲ
အကူအညီတောင်းရတော့မယ်ထင်တယ်။ချန်ရှင်းတို့က ရည်းစားသက်တမ်းပိုကြာသော်လည်း
ချန်ရှင်းက ရိုတယ် ဘလာဘလာဆိုတာတွေတကယ်
မရင်းနှီးပါ။ ဘေဘီကလည်းနဂိုကတည်းကဘုနဲ့ဘောက်
သမား။ဒီလိုနဲ့ပဲသူတို့အဆင်ပြေခဲ့ကြသည်။..........
"ကျန့်ကော ~ဟင့် ဗိုက်နာတယ် ကျန့်ကော~"
မွေးရက်နီးနေပြီမို့ ရှောင်းကျန့်မှာ တစ်ချိန်လုံးစိတ်
ပူနေရသည်။ ဘယ်ချိန်မွေးမလဲဆိုပြီး။ ဆေးရုံတတ်
ဖို့ပြောသော်လည်း ရီပေါ်ကလက်မခံပေ။ ထို့ကြောင့်
ရှောင်းကျန့်မှာ အလုပ်တွေအကုန်ရပ် project
တွေဖျက်ကာပင် ရီပေါ်နားကပ်နေရတော့သည်။ခုတော့ အိပ်ရေးပျက်လို့ခဏမှေးသွားတုန်း ဗိုက်နာ
လာတဲ့ ရီပေါ်ကြောင့် ရှောင်းကျန့် ချက်ချင်းကုန်း
ရုန်းထကာပင် ရီပေါ်ကိုပွေ့ကာ ကားထဲသို့ချီသွားရတော့
သည်။ ဘေဘီတို့ကို လိုအပ်တာတွေယူပြီး သားသားကို
ပါခေါ်လာပြီး နောက်ကလိုက်လာဖို့ မြန်မြန်သွက်သွက်
ပင်မှာခဲ့ရတော့သည်။ရှောင်းကျန့်ကားမောင်းနေရင်း ချွေးသီးချွေးပေါက်တွေ
ကျကာ နာကျင်မှုကိုခံစားနေရတဲ့ ရီပေါ်ကိုကြည့်ပြီးစိတ်
မသက်သာနိုင်ပေ။ဆေးရုံရောက်တဲ့ထိရီပေါ်က ငိုပဲငိုနေသည်။ သူများတွေ
ကိုယောက်ျားဖြစ်သူကိုကျိန်ဆဲနေတာမျိုးမဟုတ်ပဲ တစ်ချိန်
လုံး ကျန့်ကော ဟုသာ တကာ ငိုနေတော့ရှောင်းကျန့်မှာ
ရီပေါ်အစားသူသာ အနာခံပေးလိုက်ချင်တော့သည်။