သားသားက ဒီနေ့ကျောင်းမသွားနိုင်တာကြောင့်ရီပေါ်
ဒီနေ့သားကိုထိန်းနေရသည်။ အခု သူ သားသားနဲ့တူတူ
ဂိမ်းဆော့နေတာ ရှောင်းကျန့်ဆိုတဲ့အဖိုးကြီးသိရင်ဆူဦးမှာ
သူတို့မှာ အဖိုးကြီးမရှိတုန်းခိုးဆော့ရတာလေ။အင်းး ရီပေါ်ဘ၀ကလည်း လွယ်ကူမနေပါဘူး...ဖင်နာ
နေလို့ ကြမ်းပြင်မှာတောင်ထိုင်လို့မရတဲ့ဘ၀ .. တော်
သေးတာပေါ့ ကပ်စေးနှဲကြီးက ဆိုဖာတော့၀ယ်ထားပေး
သေးလို့သူ့ဘ၀သက်သာတယ်။ဂိမ်းဆော့နေရတာပျင်းလာတော့ ဗိုက်ဆာလာတယ်။
အိမ်ထဲမှာနေရတာ တကယ်ပျင်းဖို့ကောင်းတယ်။သူကခုမှ
လူငယ်မလား အပြင်ထွက်ပြီး သဘာ၀လေကိုခံစားချင်
သေးတာပေါ့။"ရှောင်း၀မ် လမ်းထိပ်က မီနီမတ်မှာ မုန့်သွားစားရအောင်
ကွာ""ပါပါးမှာပိုက်ဆံရှိလို့လားးး"
"မင်းကလဲကွာ ငါမင်းအဖေ၀မ်ရီပေါ်ပါကွ .. ဘယ်သူမို့
လို့လဲဒီမှာကြည့်"ရီပေါ်ကသူ့ဘောင်းဘီအိတ်ထဲက ပိုက်ဆံကိုထုတ်လိုက်တော့
ယွမ် ၅၀(၁၀၀၀၀)တောင် ..."ပါပါး ဘယ်ကရတာလဲ"
"ဒီအိမ်မှာ ပိုက်ဆံထွက်တဲ့နေရာဘယ်နေရာရှိလို့လဲ
မင်းဒယ်ဒီရဲ့ ပိုက်ဆံအိတ်ပဲရှိတယ်""မွ..ပါပါးအကောင်းဆုံးး လာသွား၀ယ်စားကြမယ်"
ရှောင်း၀မ်က ထလာကာရီပေါ်ပါးကိုနမ်းလိုက်ရင်း ရီပေါ်ကို
လက်ဆွဲလို့ လမ်းထိပ်က မီနီမတ်ဆီဦးတည်လိုက်တယ်။
စကိတ်ဘုတ်ကိုလည်းယူဖို့၀မ်ရီပေါ်ကမေ့မနေဘူး။