Zawgyi
ဒယ်ဒီ ရဲ့အချစ်တော်လေး
(အပိုင်း.၇)ရှောင်ကျန့် ရိပေါ် မနိုးခင် မနက်စောစော မီးဖိုခန်းထဲ ဝင်လာခဲ့တယ်...ကောင်လေးအတွက် တခုခုလုပ်ပေးချင်တာမို့ ကြီးကြီး ကို ခနဖယ်ခိုင်းပြီး စိတ်ကြိုက်ဝင်ချက်လိုက်
တယ်။ ကြီးကြီးက တော့ အထူးအဆန်းသဖွယ် အံ့သြနေလေရဲ့..>>>>>>>>>>>>>>>>>>>>>>
ရိပေါ် နိုးလာတော့ ကိုကိုက ထမင်းစားပွဲ
မှာထိုင်နေပြီ...ဒီနေ့စောစောနိုးနေပါ့လား...ဘာမှမပြောပဲ ကိုကို့ရှေ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပြီး ကြီးကြီးကိုပဲ မေးလိုက်တယ်..."ကြီးကြီး မနက်စာတွက်ဘာရှိလဲ ဘာစားရမှာလဲ''
"ကော်ဖီနဲ့ ကော်ပြန့်လုပ်ထားတယ် ဒါကတော့ ဒီနေ့မှရတဲ့ ဖက်ထုပ်ချဉ်စပ် ရိပေါ်လေး စားကြညိ့''
ရိပေါ် နဲ့ ကြီးကြီး ပြောနေတာကို ရှောင်ကျန့် အသံတိတ်လေး နားထောင်နေတယ်....
သူလုပ်ထားတဲ့ ဖက်ထုပ်လေး ရိပေါ်က သူ့ရှေ့ဆွဲပြီး စားနေတာကို တိတ်တဆိတ်လေး ခိုးကြည့်နေလိုက်တယ်။ ဖက်ထုပ်လေး စားပြီးပြောလာမယ့် အချိန်ကို စာမေးပွဲ result စောင့်ရသလို ရင်တထိတ်ထိတ်နဲ့ စောငိ့နေမိတယ်..."ကြီးကြီး ဖက်ထုပ်က စပ်တယ်''
(ဒယ်ဒီကို ဝေ့ရင်း ဝင်ပူးသွားလို့ပါ )ရိပေါ်စကားကြားတော့ ရှောင်ကျန့် ကျောက မတ်ကနဲ...ချွေးတွေတောင် ပြန်လာသလိုပဲ...
"စပ်တော့ စပ်တယ် ဒါပေမယ့် အရမ်းစားကောင်းတာပဲ နောက်နေ့တွေ
ရော ရနိုင်မလား''ကြီးကြီးက. ရှောင်ကျန့် မျက်နှာကို မရဲတရဲကြည့်လို့....
"နေ့တိုင်းစားဖို့က အဲဒါက... ကြီးကြီးချက်တာ မဟုတ်...''
"ကြီးကြီး ဘာတွေပြောနေတာလဲ စားချင်တယ်ဆို ချက်ပေးလိုက်ပေါ့''
ကြီးကြီး စကားမဆုံးသေး ရှောင်ကျန့်က
ဖြတ်ပြောလိုက်တော့ ကြီးကြီးလည်း ဟုတ်ကဲ့ ဆိုပြီး အခန်းထဲက ထွက်သွားတယ်...(ငါလေး...ကြားမညပ်ချင်ဘူးတဲ့)ကြီးကြီးထွက်သွားတော့ အခန်းထဲက လေထုက ပူနွေးလာသလို ။တစ်ယောက်နဲ့ တစ်ယောက် မော့မကြည့်ဖြစ်ကြ ။ ရိပေါ် ကဖက်ထုပ်ပုဂံကို ခေါင်းငုံ့မွှေနေတယ်..
ရှောင်ကျန့်က ကော်ဖီပုဂံကို မွှေနေရင်း ရှေ့ကမုန့်တွေကို တခါမှမမြင်ဖူးသလို
အသဲအမဲစိုက်ဲကြည့်နေတယ်...
နောက်တော့မှ စကားကို တပြိုင်ထဲ ပြောလိုက်ကြတယ်။
BẠN ĐANG ĐỌC
ဒယ်ဒီရဲ့ အချစ်တော်လေး (Complete)
Fanfictionကိုယ်ချစ်တဲ့သူကို ကာကွယ်ဖို့ဆို ကိုယ်တိုင်သန်မာနေမှ ရမယ်လေ