ဒယ္ဒီ ရဲ့ အချစ်တော်လေး
(အပိုင်း.၁၉) (ဇာတ်သိမ်းပိုင်း)အေးစိမ့်စိမ့်ဖြစ်နေတာမို့ ရှောင်ကျန့်ပခုံးလေးနှစ်ဖက်ကို လက်လေးနဲ့ပွတ်သပ်လိုက်တယ်။
"ကိုကိုနိုးပြီလား...ထေတာ့ အပြင်ထွက်ကြည့်အုံး''
မျက်လုံးလေးအားယူဖွင့်လိုက်ရင်း သူ့ရှေ့ကမျက်နှာချောချောကို ကြည့်မိတော့ ရိပေါ်ကနှစ်လိုဖွယ် ပြုံးပြနေတယ်။
ကြည့်ရတာ ကားရပ္ထားတာ ကြာပြီထင်။"ကိုကို တော်တော်အိပ်ပျော်သွားလား...
ခွေးပေါက်လေး စောင့်နေရပြီထင်တယ်''"ကိုကိုအားနည်းနေတာကို ခရီးလည်းပန်းတယ်လေ...များများအိပ်ရမှာပေါ့...လာ''
ရိပေါ်က ကားပြင်ထွက်လိုက်ပြီး ရှောင်ကျန့်တွက် ကားတံခါးလေးဖွင့်ပေးပြီး လက်လေးကမ်းပေးလာတယ်။
ရိပေါ်လက်သွယ်သွယ်လေးထဲ သူ့လက်
လေးထည့်လိုက်တယ်။ရှေ့မှာမြင်နေရတာက သစ်ပင်အုပ်အုပ်
စိမ်းစိမ်းလေးတွေကြားက ချစ်စဖွယ်တစ်ထပ်အိမ်ကလေး။
အိမ်လေးဆီမရောက်ခင် ခပ်လှမ်းလှမ်းမှာ ပေါင်းမိုးပုံစံတံတားခုံးလေးနဲ့ အောက်မှာ
ကြည်လင်တဲ့ရေလေးတွေ တသွင်သွင်စီးဆင်းနေတယ်။အိမ်ကလေးရှေ့အတော်လှမ်းလှမ်းမှာ တောင်ကုန်းလေးတစ်ခုက ပနံရစြာ လှပတငိ့တယ်နေတယ်။
အားလုံးမြင်လိုက်ရတဲ့ ခနရှောင်ကျန့်စိတ်ထဲ ကြည်လင် လန်းဆန်း သွားရတယ်။"ကေလး''
သူ့လက်လေးဆွဲထားတဲ့ ရိပေါ်လက်ကလေးကို နောက်လက်တစ်
ဖက်နဲ့ပါ နှစိဖက်ပေါင်းဆုပ်ကိုင်လိုက်ပြီး
မော့မော့လေး ကြည့်လို့စိတ်လှုပ်ရှားစွာ
ခေါ်လိုက်မိရသည်။"အင်း...ကိုကိုအနားယူဖို့ ခေါ်လာတာ
ကြိုက်လား''ရှောင်ကျန့်သူ့ခေါင်းလေးကို ပြုတ်ထွက်မတတ်ညိမ့်ပြ လိုက်တယ်။ ကြိုက်တာထက် ပိုတယ်လေ။
အခုလိုအေးချမ်းတဲ့နေရာလေးမှာ သူ့ကလေးနဲ့ နှစ်ယောက်ထဲ အနားယူချင်နေတာ ကြာပြီလေ ။
အလုပ်တွေ မအားရှာတဲ့ရိပေါ်ကို မပြောရက်လို့သာ။

BẠN ĐANG ĐỌC
ဒယ်ဒီရဲ့ အချစ်တော်လေး (Complete)
Fanfictionကိုယ်ချစ်တဲ့သူကို ကာကွယ်ဖို့ဆို ကိုယ်တိုင်သန်မာနေမှ ရမယ်လေ