Zawgyi
ဒယ်ဒီရဲ့ အချစ်တော်လေး
(အပိုင်း.၄)ရိပေါ်ကျောင်းနားချိန်တွေမှာ အလုပ်တွေ သင်ယူနေဖြစ်တယ်။သူကိုကို့ကို ကူညီချင်နေပြီလေ... ကိုကိုက သူ့အပေါ်အရမ်းကောင်းတယ်။သူဝါသနာပါရာတွေလည်း လုပ်ခွင့်ပေးတယ်။စကိတ်စီးချင်လား ဆိုင်ကယ်စီးချင်လား သိပ်လှတဲ့ ဆိုင်ကယ်အလန်းစား တစ်စီး သူ့မှာပိုင်ဆိုင်နေပြီ။
ရှောင်bossလာပြီ.....သူ့တပည့်တွေ အကုန်ခေါင်းငုံ့ လိုက်ကြတယ်။
''ရိပေါ်ဘယ်မှာလဲ"
''စကိတ်စီးနေပါတယ် boss"
''သွားခေါ်ညနေပွဲတက်ဖို့ ရှိတယ် အဆင်သင့်ပြင်ထားခိုင်း"
ရိပေါ် ရေချိုး အဝတ်စားလဲပြီးတော့ လာကြိုတဲ့ကားနဲ့ လိုက်သွားခဲ့တယ်။ကိုကိုနဲ့အတူ ရှယ်ယာရှင် အစည်းအဝေးရှိရာ အဆောက်အအုံရှေ့ ကားလေးရပ်လိုက်တော့ ကိုကိုကားကို သိနေသလို ဝဝဖိုင့်ဖိုင့်နဲ့လူကြီးတစ်ယောက်က လာနှုတ်ဆက်တယ်.. . ကိုကိုနဲ့စကားပြောနေပေမယ့် မျက်လုံတွေက ရိပေါ်ဆီမှာ....
နောက်တော့ ဟန်မဆောင်စတမ်း မေးခွန်းထုတ်လာခဲ့တယ်။''သူက သူဌေးရှောင်မွေးစားလိုက်တဲ့ ခွေးပေါက်လေးလား ခြသေ့င်္ ပေါက်လေးဖြစ်လာပြီနော်.....သူဌေးရှောင်က အရမ်းအမျှော်မြင်ကြီးတာပဲ မထင်ထားဘူးနော်"
ရှောင်ကျန့်ကမျက်နှာ တည်တည်ငြိမ်ငြိမ်နဲ့ နားထောင်ပေးနေတယ်။
"ဒီခြသ့င်္ပေါက်လေး ကျွန်တော်ကိုပေးမလား.....?
ရှယ်ယာကိစ္စ ကူညီပေးမယ်လေ''ရှောင်ကျန့်ကလုပ်ယူထားတဲ့ အပြုံးလေးနဲ့ရယ်တယ်။
''သူဌေးလူက ရက်ရောနေပြန်ပါပြီ....ရှောင်ကျန့်လက်ထဲက ဘယ်အရာကများ လွယ်လွယ်ရနိုင်လို့လဲ"
"ဒါကြောင့် ရှယ်ယာစကားပြောတာပေါ့ တန်ဖိုးမနည်းပါဘူးနော်"
ရှောင်ကျန့်က ရိပေါ်ဘက်လှည့်လို့ အပြုံးလေးနဲ့ စကားဆိုလာပြန်တယ်"
''ခွေးပေါက်လေး....သူဌေးဦးလူမော်က မင်းတန်ဖိုးမြှင့်ပေးနေတာကွ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်"
VOUS LISEZ
ဒယ်ဒီရဲ့ အချစ်တော်လေး (Complete)
Fanfictionကိုယ်ချစ်တဲ့သူကို ကာကွယ်ဖို့ဆို ကိုယ်တိုင်သန်မာနေမှ ရမယ်လေ