Zawgyi
ဒယ်ဒီ ရဲ့အချစ်တော်လေး
(အပိုင်း.၅)ဦးလူမော်ရဲ့ ကောင်လေးအကြောင်း စုံစမ်းကြည့်လိုက်တော့...ကောင်လေးက ဆိုင်ကယ်ကို တော်တော်ကျွမ်းကျင်တယ်...
သူ့ခွေးပေါက်လေးကို ဆိုင်ကယ်ဝယ်ပေး
ထားတယ်ဆိုပေမယ့် ကာယလေ့ကျင့်
ခန်းတွေ၊company အလုပ်တွေ သူ
နောက်လိုက်နေရတာတွေနဲ့ သူ့ခမျာ
အချိန်သိပ်မရရှာဘူး.... ဆိုင်ကယ်နဲ့ပတ်သက်ပြီး သူဘယ်လောက်ထိကျွမ်းကျင်လည်း မခန့်မှန်းတတ်တာမို့ စိတ်ပူတယ်ခွေးပေါက်လေး...သူဌေးတွေကြားက ကစားပွဲကိုဘာများထင်နေလဲ မသိ။
အစွယ်ထုတ်ပြချင်နေတဲ့ ငါ့ရဲ့ ခွေးပေါက်လေး....©
သတ်မှတ်ထားတဲ့နေရာ ဆိုင်ကယ်ပြေး လမ်းပေါ် ရိပေါ်ဆိုင်ကယ်လေးရပ်ထားတယ်။ သူုဌေးလူရဲ့ ကောင်ချောလေးက ဘေးကကပ်ရပ်လို့ ဆိုင်ကယ်လီဗာကို
တဗျင်းဗျင်းဖြဲနေတာ နားညည်းစရာ ရိပေါ်က မကြည်ကြည့် လှည့်ကြညိ့တော့
ရပ်သွားပြီး စကားဆိုလာတယ်..."ငါ့ကိုမှ လာစိန်ခေါ်ရလားကောင်လေး''
"ငါမူးနေလို့''
"Ha Ha မူးနေလည်းမတတ်နိုင်ဘူး ပွဲကဖြစ်သွားပြီ မင်းကိုသနားတယ် သိလား...''
"ငါရှုံးပြီး မင်းbossဆီရောက်လာရင် မင်းနေရာပျောက်သွားမှာ မစိုးရိမ်ဘူးလား''
"ဟား...sorryကောင်လေးရယ် ငါအရှုံး
သမားအဖြစ်သူ့ရှေ့ မျက်နှာငယ်မယ့် အစား မင်းလိုကောင်လေး တစ်ယောက်ကို သာကစားဖို့ လက်ဆောင်ပေးလိုက်မယ်..ဟား..ဟား..''ရိပေါ်ဘာစကားမှပြန်မပြောတော့ပဲ လက်ခလယ်ပဲထောင်ပြလိုက်တယ်...
"ငါက ဆိုင်ကယ်စီးတာ သိပ်မကြာသေး
ဘူး မင်းက ဆိုင်ကယ်ပေါ်က မဆင်းတဲ့
ကောင်ဆိုတော့ကာ ဒီပွဲမှာ မင်းစကေးဘယ်လောက်ရှိလဲ သိချင်တယ်...အလှပြတွေမြင်ခွင့်ရှိမလား''ရိပေါ်က နောက်ဆုံးချုပ်တဲ့ စကားလေး
လှလှပပသုံးပေးလိုက်တော့ ကိုယ်တော်ချောက သဘောတွေ ခွေ့လို့
.....ရိပေါ်တို့ ဆိုင်ကယ်နှစိစီး ရပ်နေတဲ့ အလယ်မှာ စကတ်တိုတိုဝတ်ထားတဲ့
ကောင်မလေးက လက်ကိုင်ပဝါလေး ကိုင်ပြီးလာရပ်တယ်။ရိပေါ်နှာခေါင်းရှုံ့လိုက်မိတယ်...

CZYTASZ
ဒယ်ဒီရဲ့ အချစ်တော်လေး (Complete)
Fanfictionကိုယ်ချစ်တဲ့သူကို ကာကွယ်ဖို့ဆို ကိုယ်တိုင်သန်မာနေမှ ရမယ်လေ