ep.11

6K 443 6
                                    

Zawgyi

ဒယ်ဒီ ရဲ့ အချစ်တော်လေး
(အပိုင်း.၁၁)

"ကိုကို ရိပေါ်အလည်ပြန်လာချင်လို့''

" နောက်နှစ်လလောက်နေ အပြီးပြန်လာရမှာကို မစောင့်နိုင်တော့်ဘူးလား ခွေးပေါက်လေး''

"မဟုတ်ပါဘူး ကိုကို  ခွင့်တောင်းစရာရှိလို့...တစ်နှစ်လောက်
ထပ်နေပြီး အတွေ့ကြုံရအောင် ဒီက companyမှာ အလုပ်ဝင်ရမလားလို့. အဆက်သွယ်တွေလည်းရလာတယ်''

ရှောင်ကျန့် သူ့လက်ထဲကဖုန်းကို မယုံကြည်နိုင်စွာ ပြန်ကြည့်နေမိတယ်...
ရိပေါ်ပြောတာမှ ဟုတ်ပါလေစ...

"ဘာ...သိပ်နေချင်ရင်လည်း ပြန်မလာနဲ့
လေ အပီးနေလိုက်တော့''

"ကိုကိုစိတ်မဆိုးပါနဲ့ ကိုကို့လုပ်ငန်းတွေ မှာ ကူညီနိုင်ချင်လို့ပါ နေချင်လိုမဟုတ်
ပါဘူး ခုတောင်အရမ်းလွမ်းနေတာ''

"လွမ်းရင် ပြန်လာခဲ့ ဒီမှာလည်းသင်ရတယ် အဲဒီမှာပဲသင်ချင် တယ်ဆိုရင်တော့ ပြန်မလာနဲ့''

"သိပါပြီကိုကို ပြန်လာရင် ကိုမြတ်သူဆီ သွားလည်ရအောင်နော် ဟိုတခါက စမ်း
ချောင်းလေးမှာ ကိုကိုနဲ့အတူတူ ငါးမျှား
မယ် ကိုမြတ်သူသမီးလေးကိုလည်း တွေ့ချင်နေပြီ''

ပြန်လာမယ်ဆိုမှ ပြုံးနိုင်တဲ့ ရှောင်ကျန့်
ဘရဏီလည်း ပြန်ရောက်နေပြီး သူ့သမီး
လေးလည်းချစ်ဖို့ကောင်းတာ မပြောလိုက်ရဘူး...

&&&

ငွေရောင်ဆံနွယ်အိအိလေးတွေက လေအတိုက်မှာ ခွဲကြောင်းလေးပျောက်
အောင် တလွင့်လွင့်နဲ့ ကြွေသားလိုပြောင်လက်နေတဲ့ ပါးပြင်လေးက သွားစွယ်ဖွေးဖွေးလေးတွေ တညီတညာထဲ ပေါ်လာအောင် အသဲပုံ
နှုတ်ခမ်းလေးနဲ့ အားရပါးရပြုံးလို့ လက်နှစ်ဖက်ကို ဘေးကိုဖြန့်ထားပြီး သူ့ကိုလာဖက်လိုက်ဖို့ ရပ်စောင့်နေတယ်...

အရယ်အပြုံးနည်းလှတဲ့ ခွေးပေါက်လေးဆီက ဘဝမှာ ပထမဆုံးမြင်ဖူးတဲ့ သိပ်လှတဲ့ အပြုံးမှာ မှင်သက်မိနေရာက ခပ်သွက်သွက်လျောက်လို့ ခွေးပေါက်လေးကို ပွေ့ဖက်ပေးမိရခြင်း..

"ဒယ်ဒီ ''

အသံစူးစူးလေးကြားလို့ ရှောင်ကျန့်ကို ပွေ့ဖက်ထားရာကနေ လူချင်းခွာလိုက် ပြီး အသံလာရာဆီကြည့်မိတော့ ဂါဝန်ဖားဖားလေးနှင့် ကလေးမလေးတစ်ယောက် ပွေ့ချီစေချင်လို့ လက်လေးနှစ်ဖက်ကားပြီး ရှောင်ကျန့်ဆီ ပြေးလာနေတယ်...

ဒယ်ဒီရဲ့ အချစ်တော်လေး (Complete)Onde histórias criam vida. Descubra agora