Zawgyi
ဒယ်ဒီ ရဲ့ အချစ်တော်လေး
(အပိုင်း.၁၈)"ကိုကို ထတော့လေ ပင်ပန်းနေပြီလား''
"အင်း...ကိုကို့ဆီလာပါအုံး''
ကုတင်ဘေးမှာရပ်နေတဲ့ ရိပေါ်က အိပ်နေတဲ့ရှောင်ကျန့်မှီအောင် ကိုယ်ကိုကိုင်းပြီး ကုတင်ုနားတိုးကပ်ပေးလိုက်တယ်။
ရှောင်ကျန့်က ရိပေါ်နဖူးလေး အနမ်းလေးပေးလာသည်။"အလုပ်တူတူသွားမယ်လေ ကိုကို''
"ကိုကိုပင်ပန်းနေတယ် ကိုကို့ခွေးပေါက်လေး နောက်ကနေပဲလိုက်မယ် အလုပ်မှာ ကလေးဦးဆောင်နော်''
ရိပေါ်က ခေါင်းလေးညိမ့်ပြု့ပြီး ရှောင်ကျန့်ကို ပွေ့ချီလို့ ရေချိုးခန်းထဲ ပို့ပေးခဲ့ပြီး ...သူ့ကိုကိုစားဖို့ မနက်စာကို
ကိုယ်တိုင်ပြင်ဆင်နေမိသည်။မနက်စာစာရင်း ရှောင်ကျန့်က ရိပေါ်မျက်နှာပဲခနခနမော့ကြည့်နေတယ်။
"ကိုကို ရိပေါ်မျက်နှာမှာ တခုခုပေလို့လား''
ရိပေါ်စကားကြားတော့ ရှောင်ကျန့်က လက်ကလေးဆန့်ပြီး ရိပေါ်ပါးလေးကို
တစ်ချက်ဖြစ်ညှစ်လိုက်တယ်။"ကြည့်မဝလို့''
*********
လုပ်ငန်းခွင်တွေမှာ ရိပေါ်လိုက်စစ်ဆေး
တာကို ရှောင်ကျန့်က နောက်ကတကောက်ကောက်လိုက်ကြညိ့နေတယ်။ဝန်ထမ်းတွေက သူ့ထက်တောင် ရိပေါ်ကိုချစ်ကြောက်ရို
သေနေကြတယ်။ရိပေါ်ရဲ့ ရေခဲမျက်နှာကို ကြောက်ကြတယ်ထင်ပါ့။®
နေ့လယ်စားဖို့ ကိုကို့ကိုလာခေါ်ရင်း ရုံးခန်းတံခါးကို ဖွင့်လိုက်တော့ ဟိုလူကြီးဦးသီလ ရောက်နေပြန်ပြီ ထုံးစံအတိုင်း စားပွဲပေါ်မှာပန်းစီးနဲ့ ငါ့ကိုကို့ကို မိန်းမပိုးနည်းလာပိုးနေတယ်
ဒီလူကြီးသေချင်နေပြီထင်တယ်။ အခန်းထဲဝင်ပြီး တံခါးကို လောချလိုက်တယ်။"ကိုကို နေလယ်စာမစားသေးဘူးလား''
"အာ...ကိုကိုဒီမှာ ဧညိ့သည်နဲ့ စကားပြောနေလို့ ကလေးဗိုက်ဆာရင် စားနှင့်လေ''
"ရပါတယ်ကိုကိုရဲ့ အလုပ်လုပ်နေတာကို ရိပေါ်ကစောင့်ပေးရမှာပေါ့...''
KAMU SEDANG MEMBACA
ဒယ်ဒီရဲ့ အချစ်တော်လေး (Complete)
Fiksi Penggemarကိုယ်ချစ်တဲ့သူကို ကာကွယ်ဖို့ဆို ကိုယ်တိုင်သန်မာနေမှ ရမယ်လေ