ep.6

7.1K 535 8
                                    

Zawgyi

ဒယ်ဒီ ရဲ့ အချစ်တော်လေး
(အပိုင်း.၆)

ဆေးရုံက လူနာကုတငိပေါ်မှာ လဲလှောင်း နေတဲ့ ကောင်လေးကိုကြည့်ပြီး ရှောင်ကျန့်စိတိမကောင်း ဖြစ်မိတယ်။ ဒီကောင်လေးသာ သူကိုတွန်းမထုတ်လိုက်ရင် ဒီကုတင်ပေါ်မှာ လဲနေတာ သူပဲဖြစ်လိမ့်မယ်။ မဟုတ်ဘူး သူ့ခန္တာကိုယ်က အသက်မဲ့နေတဲ့ ခန္တာကိုယ် ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ရှောင်ကျန့်ကြည့်နေတုန်းမှာပဲကောင်လေးက လှုပ်ရှား လာခဲ့တယ်။
       

"ခွေးပေါက်လေး သတိရပြီလား''

ရိပေါ်ကိုမေးရင်း ဘေးကတပည့်ကျော် ရှောင်ကျောင်းဆီ မေးဆတ်ပြလိုက်တယ်။
      

"ဆရာဝန်သွားခေါ် လူနာသတိရလာပြီလို့ သွားပြော''

ဆရာဝန်ရောက်လာပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပေးတယ်....ရှောင်ကျန့်ကိုထိုးပြပြီး သူဘယ်သူလဲ သိလားလို့မေးတယ်။ သူတို့ပြောသမျှ ဆရာဝန်လုပ်သမျှ ငြိမ်ငြိမ်လေး လိုက်ကြည့်နေတဲ့ခွေးပေါကိလေးကို ကြည့်ပြီး ရှောင်ကျန့် စိတ်ပူလာတယ်။ သူ့ကိုမေ့သွားမှာ စိုးတဲ့စိတ် ၊ စိုးရိမ်စိတ်တွေနဲ့ ကောင်လေးရဲ့ လက်ဖျားလေးတွေကို ယူပြီး ဆုပ်ကိုင်ထားမိတယ်။ စိုးရိမ်တကြီးးကြည့်နေတဲ့ ရှောင်ကျန့်ကိုတလှည့် ဆရာဝန်ကိုတလှည့် ကြည့်ပြီး ရီပေါ်နူတ်ခမ်းဖျားလေး လှုပ်ခပ်လာတယ်။
    

"ဟုတ်ကဲ့ သိပါတယ်..ရိပေါ်ရဲ့ ကိုကိုပါ''

ရီပေါ်စကားကြားပြီး ဆရာဝန်လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ ရှောင်ကျန့်ရဲ့ မွေးစားသားက ကိုကိုခေါ်နေတာကိးု ဖြစ်ပြီပေါ့။
 

  "ရပြီဆရာ ဒီလောက်ဆို သူ့ခေါင်းဘာမှဖြစ်တာ သေချာပါပြီ''

ဆရာဝန်ကို လှည့်ပြောလိုက်ပြီး ရှောင်ကျန့်လက်ထဲ
ဆုပ်ကိုင်ထားတဲ့ ရီပေါ်လက်တွေကို လွှတ်ချလို့ မျကိစောင်းတစ်ချက်ပစ်ကျွေးလိုက်တယ်။ ဘယ်ကတည်းက ကိုကိုခေါ်ဖို့ အခွင့်ရေးချောင်းနေတယ်မသိ တတ်လည်းတတ်နိုင်တဲ့ဟာလေး......

~~~~~~~~~~~~~~~~~~

ကျန်းချန်ဝင်လာတော့ ကုတင်ပေါ်က လူနာနဲ့ ကုတင်ဘေးကထိုင်နေတဲ့သူ နှစ်ယောက်သား ငြန်းခုန်နေကြလို့ ဘေးကနေလက်ပိုက်ပြီး ရပ်ကြည့် နေပေးလိုက်တယိ။
   

ဒယ်ဒီရဲ့ အချစ်တော်လေး (Complete)حيث تعيش القصص. اكتشف الآن