Zawgyi
ဒယ်ဒီ ရဲ့အချစ်တော်လေး
(အပိုင်း.၈)ရှောင်ကျန့် စိတ်ထဲ မှာ သိပ်မကြညိ သူ့ကလေးကို ဒီကလေးမ လာလာနွယ်
နေတာကို မကြိုက် ငယ်သံယောဇဉ်နဲ့
သူတို့က ရင်းနှီးလွန်းတယ်။
အိမိပြန်ရောက်တော့ ကျန်းချန်ရောက်
နေသည်။စိတ်က ကြည်မနေတာမို့ ခပ်ဆတ်ဆတ်ပဲ မေးလိုက်တယ်....."ကျန်းချန် ဘာလာလုပ်တာလဲ''
"ဆေးရုံအတွက် စက်အသစ်တွေဝယ်ဖို့
မင်းကိုပြောထားတာလေ အဲဒါစာရင်းလုပ်ထားတာ လာပေးတာ
ဒါနဲ့ သူက.''ရိပေါ် သူငယ်ချင်းမလေးကို ညွှန်ပြမေးလာတယ်...သူပြောလိုက်မှ ရှောင်ကျန့်မျက်နှာ ပိုမည်းမှောင်လာသလို...
"ခွေးပေါက်သူငယ်ချင်းတဲ့ ဂေဟာပြန်နေဖို့အဆင်မပြေလို့ .တခုခုစီစဉ်ပေးမလို့ ခေါ်လာတာ''
အကြောင်းစုံရှင်းပြလိုက်တော့ ကျန်းချန်
က ခေါင်းတညိမ့်ညိမ့်နဲ့ နားထောင်နေတယ်..."မင်းကဘယ်လို စီစဉ်ချင်တာလဲ''
"သူလည်း ကျောင်းပီးတော့မှာဆိုတော့ အလုပ်လေးဘာလေး ရှာပေးပြီး အမျိုးသမီးဆောင်မှာ ထားပေးရမလားလို့''
သူတို့နှစ်ယောက် ပြောတာကို ရိပေါ် နဲ့
ရှောင်ရှောင် ကတော့ ခေါင်းလေးငုံ့ နားထောင်နေကြတယ်။"ဒါဆို ဒီလိုလုပ် ငါ့ဆေးခန်းမှာ ဝင်လုပ်ခိုင်းလိုက် နေတာတော့ အမကျန်နဲ့ နေခိုင်းရတာပဲ မိန်းကလေး ဖော်လည်းရှိတယ်''
"ကောင်းသားပဲ''
အခုမှ စိတ်ကြည်သွားပုံရတဲ့ ရှောင်ကျန့်
နားကပ်ပြီး ကျန်းချန် က တိုးတိုးလေးပြောလာတယ်...."ဘယ်လိုနေနေ မင်းကလေးနား မကပ်ရင်ပြီးရောမှလား''
ရှောင်ကျန့် ကလည်း ကျန်းချန်နားနားကပ်ပြီး အပြုံးလေးနဲ့ အံ့ကြိတ်ပြောလာတယ်...
"ရွှေဥာဏ်ရှင်ကြီး ကျေးဇူးပြုပြီး မင်းပြန်ရင် တခါတည်း ခေါ်သွား''
နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး တွတ်တွတ်နဲ့ ပြောနေတဲ့ နှစ်ယောက်ကို
ရိပေါ် က ခေါင်းကလေးမော့ စူးစမ်းလာ
မှ ရပ်သွားကြတယ်....
ကျန်းချန် ပြန်တော့ သူငယ်ချင်းမလေး
ရှောင်ရှောင်ပါသွားတယ်...မကြာမကြာ
လာကြည့်ပေးမှာမို့် အားမငယ်ဖို့ အားပေးလိုက်ရတယ်...
ВЫ ЧИТАЕТЕ
ဒယ်ဒီရဲ့ အချစ်တော်လေး (Complete)
Фанфикကိုယ်ချစ်တဲ့သူကို ကာကွယ်ဖို့ဆို ကိုယ်တိုင်သန်မာနေမှ ရမယ်လေ