ep.13

5.3K 441 7
                                    

Zawgyi

ဒယ်ဒီ ရဲ့ အချစ်တော်လေး
(အပိုင်း.၁၃)

ခြံထဲကပန်းပင်လေးတွေ နားမှာ  တွေဝေငေးမောစွာ ထိုင်နေတဲ့ သူ့bossရှေ့ သံပုရာရည်ခွက်လေးချပြီး  ခေါ်နေပေမယ့် သတိဝင်မလာ။
သုံးခါလောက်ခေါ်လိုက်မှ လှည့်ကြည့်လာသူ...

"boss ဘာတွေတွေးနေတာလဲ အကိုလေးအကြောင်းမှ ဟုတ်ရဲ့လား''

"ရှောင်ကျောင်း ခွေးပေါက်လေး အတိပ်မေ့တာ ဟုတ်မဟုတ် ကျန်းချန်နဲ့ စမ်းသပ်ခိုင်းရမလား''

သူ့bossစကားကြောင့် ရှောင်ကျောင်း မျက်နှာမှာသွေးမရှိတော့..

"boss ''

"ဘာလဲ''

"အကိုလေးကို အရင်လူများမှတ်နေလား၊ ဟိုနေ့ကကိုင်ပေါက်ခံရတာ မပျောက်သေးဘူးနော်၊သူ့ကို စမ်းသပ်မှာ bossပြောရဲလား''

ရှောင်ကျန့် ကမျက်ခုံးပင့်ကြည့်ရင်း ခေါင်းခါပြလာသည်။ bossတောင်မပြောရဲရင် ဘယ်သူပြော
မှာလဲ ၊ ဟိုနေ့ကဘယ်လောက်ပဲ ရုတ်တရက်ဆိုဆို သူ့လိုကိုယ်ခံပညာ ကောင်းကောင်းတတ်ထားတဲ့ လူကို ကိုင်ပေါက်ရန်မလွယ် ။
အကိုလေးပညာက သူ့အထက်မှာရှိနေတယ်။ အရင်က သူသင်ပေးခဲ့ရတဲ့ကောင်လေးက ခုသူ့ကိုကိုင်ပေါက်နေပြီ။

"ငါသိပြီ သူ့ကိုမိဘမဲ့ဂေဟာ ခေါ်သွားရမယ် ဟန်ဆောင်တာဟုတ်မဟုတ် စောင့်ကြည့်ရတာပေါ့''

"ကောင်းသားပဲ boss ရအောင်အရင်ခေါ်ကြည့်ပါအုံး''

သူ့ဆရာလက်ထဲ ဖုန်းလေးထညိ့ပေးလိုက်ပြီး ဘေးကနေရပ်ကြည့်ရင်း အကိုလေး လက်ခံပါစေဆုတောင်းနေမိသည်။

"လာမယ့်sunday ကျရင် အလှူလေးတစ်ခုလုပ်ချင်လို့ လူအင်အား
လိုနေလို့ပါ ဒါရိုက်တာဝမ် လိုက်ခဲ့ပေးနိုင်မလား''

bossရဲ့ ချိုအီအီအသံလေးက  ဆည်းလည်းလေးတွေ လှုပ်ခပ်သွားသလို  တဖက်သားကှိုလွမ်းမိုးနိုင်စွမ်း အပြည့်နဲ့ ပြောနေတာကြည့်ပြီး ဝမ်ရေခဲတုံးလေး အရည်ပျော်ပါစေ ဆုတောင်းနေမိတယ်။ bossရဲ့ ဒီလိုအသံကို ကြားရသူတိုင်း ဟန်ပါပါတစ်ချက် အ်ကြည့်
ခံရသူတိုင်း ညှို့ငင့်နိုင်စွမ်းမှာ မငြင်းနိုင်ပဲ ခေါင်းညိမိ့ကြရသူက အများသား။

ဒယ်ဒီရဲ့ အချစ်တော်လေး (Complete)Wo Geschichten leben. Entdecke jetzt