Zawgyi
ဒယ်ဒီ ရဲ့ အချစ်တော်လေး
(အပိုင်း.၁၄)အရင်က နွေးထွေးတဲ့ သူ့ခွေးပေါက်လေးနေရာမှာ အေးစက်တဲ့
ဝမ်ရေခဲတုံးလေးရဲ့ သွင်ပြင်က နေရာယူလာခဲ့ပြီ။Company နှစ်ပတ်လည်ပွဲမှာ မဲဖောက်မယ့် အစီအစဉ်၊ လက်ဆောင်ပေးမှာတွေ၊ အစားအသောက်တွေနဲ့ အားလုံးစိတ်လွတ် ကိုယ်လွတ် ပျော်နေကြတာတောင်... ဝမ်ရေခဲတုံးလေးကတော့ တလောကလုံးမှာ တစ်ယောက်ထဲရှိသလို သူ့လက်ထဲက ဝိုင်ခွက်ကလွဲပြီး ဘာကိုမှ အာရုံမစိုက်။
ဝိုင်ခွက်လေး မော့သောက်လိုက်တိုင်း၊ ဖြူဖွေးနေတဲ့ လည်ပင်းသားလေးထဲက လှုပ်ရှားသွားတဲ့ လည်ဇလုတ်လေးကို ကြညိ့ပြီး စိတ်တွေလှုပ်ရှားနေတယ်။
တခွက်ပြီးတခွက် သောက်နေတဲ့ အရှိန်ကြောင့်လားမသိ သူ့ဘေးက လှုပ်ရှားနေတဲ့ လည်ဇလုတ်လေးကို တို့ ထိ ကြည့်ချင်နေတဲ့စိတ် ၊ ကိုင်ကြည့်လိုက်ချင်စိတ်တွေ ထိန်းမရ။
ဒီကလေးက သူ့အပိုင်ဆိုတဲ့ အတွေးက တဝဲလည်လည်။ရုတ်တရက် အသံတွေတိပ်ဆိတ်သွားလို့
အားလုံးကို လိုက်ကြည့်မိတော့ အကုန်လုံးရဲ့ အကြည့်တွေက သူ့ဆီမှာ တအံ့တသြနဲ့။ သူသတိဝင်လာပြီး ဘေးကိုလှည့်ကြည့်မိတော့ ၊ သူ့လက်က ဝမ်ရိပေါ်ရဲ့ လည်ဇလုတ်မှာ ထိကိုင်ထားပြီး ၊ ဝမ်ရိပေါ်က မျက်လုံးအပြူးသားနဲ့ သူ့လက်ကို ဖမ်းဆုတ်ထားတယ်။ငြိမ်သက်နေတဲ့ ခမ်းမထဲကလူတွေက ပြန်ပြီးပွဲဆူလာပြန်သည်။အခုအခြေနေကို နားမလည်ပေမယိ့ အရင်တုန်းက သူ့တို့နှစ်ယောက် ဆက်ဆံရေးကို မသိတဲ့သူတွေ ရှိသလို သိထားတဲ့လူတွေက သောက်ထားတဲ့ အရှိန်တွေနဲ့ သွေးကြွနေတဲ့ လူတွေလို အော်ဟစ်လာကြတယ်။
"နမ်းပါ နမ်းပါ.........Kiss Kiss''
"နမ်းပါ နမ်းပါ............ Kiss Kiss''သူ့ရဲ့ တင်းထားတဲ့စိတ်ထဲက ဖုံးအုပ်ထားတဲ့ အလွှာပါးလေး အားလုံးပြိုကျသွားပြီ။ အကာအရံမရှိတော့တဲ့ နေရာတစ်ခုလို
ဘာမမှတွေးနိုင်တော့ပဲ သူ့ရှေ့က လူသားလေးကို ဆွဲနမ်းလိုက်မိပြီ။အခုချိန်လူရဲ့ စိတ်ကိုမသိနိုင်တာမို့ ခနလေးပဲ နမ်းပြီုးပန်လွှတ်ပေးလိုက်သည်။
မတော် company ကလူတွေရှေ့ အရှက်ကွဲနေမှဖြင့်လေ။
မထင်မှတ်တာက သူလွှတ်ပေးလိုက်လို့
နှုတ်ခမ်းလေးနှစ်ခု ကွာသွားချိန် ဝမ်ရေခဲတုံးလေးက ပြန်ဆွဲယူပြီး အနမ်းတွေကို အသက်သွင်းတယ်။
ချိုမြိန်တယ်၊ နူးညံ့တယ်၊ ရစ်မူးဖွယ် မက်မောစရာကောင်းလွန်းလို ထပ်ထပ်လိုချင်မိတယ်။
STAI LEGGENDO
ဒယ်ဒီရဲ့ အချစ်တော်လေး (Complete)
Fanfictionကိုယ်ချစ်တဲ့သူကို ကာကွယ်ဖို့ဆို ကိုယ်တိုင်သန်မာနေမှ ရမယ်လေ