Zawgyi
ဒယ်ဒီ ရဲ့ အချစ်တော်လေး
(အပိုင်း.၁၅)လေပြင်းတစ်ချက် မွှေ့လိုက်တိုင်း ယိမ်းထိုးနေတဲ့ ဆေးရုံဝန်းကြီးထဲက သစ်ပင်တွေကို မှန်ပြတင်းပေါက်ကနေ ကောင်လေးတစ်ယောက်က ငေးမောနေတယ်။ သူ့စိတ်သူ့အတွေးကတော့ လက်ရှိနေရာမှာ ရှိမနေ...
ခုနကမှ ချသွားတဲ့ ဖုန်းလေးထဲက စကားသံတွေမှာ အတွေးတွေနစ်မြုပ်နေသူ။" မင်းကဘာလို့ ဆေးရုံရောက်နေတာလဲ ရိပေါ်...ရှောင်ကျန့် ဂိုထောင်ကို မီးမရှို့ရသေးဘူးလား''
"လုပ်ပီးပါပြီ အားလုံးသေသေသပ်သပ်နဲ့ သဲလွန်းစရှာမရအောင် လုပ်ထားပါတယ်.....
...................dady''"လုပ်ပြီးသားဆို ဘာဖြစ်လို့ အပြင်ထွက်ရတာလဲ ရှောင်ကျန့် ရောက်လာပြီလား''
"မသိဘူး''
ထပ်မေးလာမယ့် မေးခွန်းတွေကို မဖြေချင်တာမို့ ခပ်ပြတ်ပြတ်ပြောပြီး ဖုန်းအမြန်ချလိုက်မိသည်။
ဟူး....dady ..dady တဲ့လား ... dady ကိုစိမ်းနေမိသည် ရင်းနှီးတယ်လို့မခံစားရ...dadyထက် ဟိုလူကြီးကို ပိုရင်းနှီးနေသလို.... တခုခုမှားနေပြီလား ။
ခင်ဗျားနဲ့နီးလိုက်တိုင်း ၊ ခင်ဗျား တခုခုခံစားရတိုင်း ရင်ဘတ်ထဲကနာလာတယ်။ ခင်ဗျားစီးပွားရေးတွေ ထိခိုက်အောင်လုပ်နေတာ ကျွန်တော်ဆိုတာသိရင် ခင်ဗျားဘယ်လို
နေမလဲ လူကြီး။ခက်တာကခင်ဗျား ထိခိုက်လိုက်တိုင်း ကျွန်တော့်ကို ကျွန်တော် ပြန်ထိနေသလိုပဲ..... ရင်နာတယ်။
&&&
"ရှောင်ကျန့် မင်းနယ်စပ်သွားရတယ်ဆို ဘာလုပ်သွားတာလဲ''
"ပစ္စည်း ဂိုထောင်မီးလောင်လို့ သွားရတာ အဲဒါထားလိုက်တော့ ငါမင်းကို ပြောစရာရှိလို့''
စီးပွားရေးမှစီးပွားရေး ဖြစ်နေတဲ့ကောင်က သူ့အလုပ်ထက် ဘာကများပိုအရေးကြီးနေလဲ မသိ။
ပြောဆိုပြီး မေးဆတ်လိုက်တော့။"ငါ့ကလေးကို စမ်းသပ်ချင်တယ် မြင်နေရပြီး သူစိမ်းတွေလိုနေရတာ ငါမခံစားနိုင်ဘူး''
ပိုရန်ကောဆိုတဲ့ အကြည့်တွေဒိုင်းကနဲ
ရှောင်ကျန့်ဆီရောက်လာသည်။ခုချိန်မှာ ကျန်းချန်ဆီက ဘယ်လိုအပြုမူမှ ရှောင်ကျန့်က ဂရုမစိုက်ပါပေ။
VOUS LISEZ
ဒယ်ဒီရဲ့ အချစ်တော်လေး (Complete)
Fanfictionကိုယ်ချစ်တဲ့သူကို ကာကွယ်ဖို့ဆို ကိုယ်တိုင်သန်မာနေမှ ရမယ်လေ