အနမ်းခြွေမယ် ကလေး........
အပိုင်း၁
မင်းမြတ်ခွန်း
ရင်တစ်ခုလုံး ပူပြင်းနေရသည်။ ဒီနေ့ ဖေဖေဆုံးတာ တစ်နှစ်ပြည့်ပြီဖြစ်သည်။
ဖေဖေသား... ဖေဖေကို အရမ်းသတိရတယ်ဗျာ။ဖေဖေ့ဟာ ကျွန်တော့်အတွက် ခွန်အားတစ်ခုပါ။ ဖေဖေဟာ ဖခင်ကောင်းတစ်ယောက်ပါ။ ဖေဖေဟာ မိသားစုအတွက် ကြိုးစားရှင်သန်ခဲ့သူ တစ်ယောက်ပါ။
ဖေဖေဟာ ကျွန်တော့်ရဲ့ စံပြတစ်ဦးပါပဲ။
ဖေဖေ့ အသံကို နားထဲကြားယောင် နေမိသည်။"သားးးး လူတော်ဖြစ်အောင် လုပ်ရမယ်နော် သားကငယ်သေးတယ် ညီလေးတွေ ညီမလေးတွေ မွေးလာရင် အကိုကြီး ပီသအောင် နေရမယ်နော်......."
"ဟုတ်ဖေဖေ.....ညီလေးမွေးနော်......"
"ဟားးးးး......"
ဖေဖေရယ်သံများကို ပြန်ကြားယောင်မိနေသည်။ ဒါပေမယ့် ကျွန်တော် အကိုကောင်းတော့ မဖြစ်နိုင်တော့ပါ။ မေမေက ပြောတယ် သူကလေးထက်မရတော့ဘူးတဲ့။
ဖေဖေသိလား သားအကိုကြီးတစ်ယောက် မဖြစ်နိုင်ဘူး။ ဖေဖေလည်းမရှိတော့ဘူးလေ။
ဖေဖေနဲ့မေမေ ညီလေးယူဖို့ ကိစ္စနဲ့ နေ့တိုင်း စကားများခဲ့တာ သားသိပါတယ်ဖေဖေ။ သားညီလေး မရလည်း ကိစ္စမရှိပါဘူး။ ငယ်ငယ်တုံးက တော့ သိပ်လိုချင်တာဖေဖေရဲ့ သားကအခု ၁၅နှစ်တောင်ရှိနေပြီလေ။
သားလူကြီးဖြစ်နေပါပြီ။ ဖေဖေ မေမေက ဖေဖေမရှိတော့ အိပ်ရာထဲလဲနေတယ်။ မေမေအခုတော့ အလုပ်တွေလုပ်နေပါပြီ။
မေမေက အရင်လို သားကို ဂရုမစိုက်တော့ဘူးဖေဖေ။ မေမေက သားအတွက်ဆိုပြီး အလုပ်ကိုပဲ လုပ်နေတယ်။သားအရမ်းအထီးကျန်ဆန်တာပဲဖေဖေရယ်။ မင်းမြတ်ခွန်း လက်ထဲက ပန်းစီးလေးကို ဖေဖေအုတ်ဂူပေါ် ချထားလိုက်သည်။
ဝဲတတ်လာတဲ့ မျက်ရည်စတွေကို လက်နဲ့သုတ်လိုက်သည်။ခြေလှမ်းများကို ခပ်ဖွဖွ လျှောက်ရင်း ဖေဖေအိပ်စက်ရာနေရာလေးကို ကျောခိုင်းထွက်လာခဲ့မိသည်။
ထိုစဥ် နားထဲ ကလေးငိုသံတစ်ခုက ခြောက်ခြားစွာထွက်လာခဲ့သည်။
![](https://img.wattpad.com/cover/228243469-288-k417054.jpg)
YOU ARE READING
အနမ်းခြွေမယ် ကလေး.......(Completed)Zaw&Uni
Romanceမထင်မှတ်ပဲ လူပျိုပေါက်လေးက ကလေးလေးတစ်ယောက် ကောက်ရတဲ့အခါ။ ထိုကလေးလေးအပေါ် ညီအရင်းလို စိတ်မျိုးကနေ ဘယ်လိုများပြောင်းလဲသွားမလဲ။ ဘယ်လောက်ထိ အချစ်တွေ ပိုနေမလဲဆိုတာ.....။ Jun-8ရက်,2020 ခုနှစ်တွင် Wattpat တွင် စတင်ရေးသား ခဲ့သည်။