💖ကျွန်တော့်ဘဝရဲ့ဖြစ်တည်မှုလေး...💖
Or💖 အမုန်း၏ခါးသက်လေးသော....💖
ငါးနှစ်...ကလေးကျတော့်နားကထွက်သွားတာငါးနှစ်ရှိပီ.....နောက်ပီးထွက်သွားတာလည်းအမုန်းတွေနဲ့တဲ့လား...ကလေးထွက်သွားပီးကတည်းကကုမ္ပဏီကို 2 နှစ်လောက် ယွီပင်းနဲ့ပစ်ထားတာ...အခုမှပဲသွားဖစ်တယ်...ကလေးရဲ့မားကတော့ကလေးရွေးချယ်မှု့ကိုအားပေးခဲ့တယ်...ကျတော့်ကိုလည်းအပစ်မမြင်ပါဘူးတဲ့...ကလေးရဲ့ဆန္ဒအတိုင်းစာချုပ်မှာလက်မှတ်ထိုးဖို့ပဲတောင်းဆိုလေ့ရှိတယ်...
စာချုပ်ကိုကလေးထွက်သွားတဲ့နေ့ကစပီဖျက်ဆီးပစ်လိူက်တယ်...ကလေးအကြောင်းကိုအမြဲစုံစမ်းတယ်...သိရပါတယ်..အခုဆိုကလေးက ကျန်ချန်းနဲ့တောင်လက်ထပ်ပီးပီ....
ဒေါက်...ဒေါက်...ဒေါက်.....
"ဝင်ခဲ့..."
"ဆရာ...ဆရာစုံစမ်းခိုင်းတာတွေထပ်သိရပီ..."
"အင်..ထားခဲ့လိုက်.."
အခန်းထဲကထွက်သွားမှ...ထားခဲ့တဲ့စာအိတ်လေးကိုဖွင့်ကြည့်တော့.....
လွမ်းနေမိခဲ့တဲ့အပြုံးလေး...ကြည်လင်နေတဲ့မျက်နှာလေးပေါ်မှာကျတော်မြတ်နိုးတဲ့မှည့်နက်လေးအထက်ကအပြုံးလေးတစ်ခု....
ကလေးရဲ့အပြုံးကရောင်ပြန်ဟပ်တယ်ထင်...ကျတော်ပါအပြုံးလေးကူးစက်မိတယ်..
ကြည့်ပါဦးဗျာ..ကျတော်အရင်ကနမ်းရှိုက်ခဲ့တဲ့ကလေးပါးတွေကမို့မို့လေးဖစ်နေပီ....အသားလေးကလည်းဖြူလာလိုက်တာ....
နောက်တစ်ပုံထည့်ကြည့်တော့ကလေးရဲ့မိသားစုလေး...
ကလေးတို့US ထွက်သွားပီး ၅လအကြာမှာကျန်ချန်းနဲ့ကလေးလက်ထပ်ခဲ့တယ်....သိသိချင်း shock ရသွားပေမဲ့...နောက်တော့ကလေးအပြုံးတွေမြင်ရတဲ့အတွက်..ကလေးပျော်ရင်ကျတော်ကျေနပ်ပါပြီ...
ကျေးဇူးတင်တယ်ကျန်ချန်း...ငါတောင်မဖန်တီးပေးနိုင်ခဲ့တဲ့အပြုံးလေးကိုမင်းဖန်တီးပေးလို့...
သေချာစဥ်းစားကြည့်တော့ကျတော်မဖန်တီးပေးနိုင်တာမှမဟုတ်တာ..မဖန်တီးပေးခဲ့တာ...အပြုံးတွေအစား...မျက်ရည်သာပေးခဲ့မိတာ...