Uni
ဆေးရုံရောက်တော့...
"ကလေး..."
"ဟင့်..ဦး..."
ကျတော့ကိုပြေးဖက်ပီးငိုလာတဲ့ကလေး...
ရှိုက်သံတွေကကျတော့်ရင်ကိုအစိမ်းလိုက်ခွဲနေသလို....
"ကလေ...ကိုယ့်ကိုကြည့်ဦး..."
မော့ကြည့်လာတဲ့ကလေးငယ်...
ဘယ်လောက်တောင်ငိုထားလဲမသိမျက်လုံးတွေကဖောင်းလို့...နှာဖျားလေးကလည်းရဲလို့ဗျာ..
စိုစွတ်နေတဲ့ကလေးပါးပေါ်ကမျက်ရည်တွေကိုဖွဖွလေးသုတ်ပေးရင်း....
"ကလေး..ဘာမှစိတ်မပူနဲ့ဟုတ်ပီလား...ကိုယ်သားလေးဆီသွားလိုက်မယ်...စိတ်အေးအေးထားနော်...သားလေးကိုကိုယ့်သွေးနဲ့ရအောင်ကယ်ပေးမယ်ဟုတ်ပြီလား...."
ခေါင်းလေးတစ်ဆတ်ဆတ်ငြိမ့်လာတဲ့ကျတော်မြတ်နိုးရတဲ့ကျတော့ကလေး...
"မေဟွား..ကျန်ချန်း...ကလေးကိုကြည်ထားပေး...ငါသားလေးဆီသွားလိုက်ဦးမယ်..."
ကျတော်သွားမယ်အလုပ်မေဟွားကကျတော့်လက်ဆွဲပီး..
"ရီပေါ်..နင်..."
မပြောဖို့အချက်ပြတဲ့အနေနဲ့မျက်မှောင်တစ်ချက်ကျုတ်ပြလိုက်တော့သိသွားတယ်ထင်...ဘာမှမပြောတော့...
.................
အခန်းထဲဝင်ကြည့်လိုက်တော့...
အသက်နဲ့မလိုက်ဆေးပစ္စည်းကိရိယာတွေနဲ့ကုတင်ပေါ်မေ့နေတဲ့ကျတော့်သား....
တစ်ချိန်ကကျတော်မလိုချင်ဘူးလို့ပြောခဲ့တဲ့ကလေး...အသက်အန္တရာယ်ပေးခဲ့မိတဲ့ကလေးက..ဝမ်လေးတဲ့လားဗျာ..
အောက်ဆီဂျင်ပိုက်ကိုအားယူပီးအသက်ရှုနေရတဲ့ကလေးကိုကြည့်ရင်းမျက်ရည်တွေကျမိပါရဲ့...
"သားလေး..Daddyသားလေး...Daddyလာပီနော်..သားလေးခံစားရတာတွေပျောက်အောင်Daddyလုပ်ပေးမယ်..သားလေးအသက်ရှင်မှဖြစ်မယ်လေ...သားပါးပါးဆီမှာသားတစ်ယောက်ပဲရှိတော့တယ်မလား...Daddyမရှိတော့ရင်တောင်သားပါးပါးကိုပျော်အောင်ထားပီးစောင့်ရှောက်ပေးရမယ်နော်....ဒါကြောင့်သားကျန်းမာမှဖစ်မယ်..."