အမုန်းဖွဲ့ချစ်ခြင်း❣️
နေ့လည်စာခေါက်ဆွဲထုတ်လေးစားပြီးကတည်းက မမပြောထားတဲ့လူတွေလာသည်မို့ ထိုလူတွေပြင်ဆင်ထာကို ဟန်လေးထိုင်ကြည့်နေရသည်။
တဖြေးဖြေးညနေစောင်းလို့ ဦးစက်နဲ့မမတောင်ပြန်လာချိန်နီးနေပြီဖြစ်သည်။
ဟန်လေးလဲ မျက်လုံးတွေကျိန်းစပ်ကာနီရဲနေပြီဖြစ်သည်။
ဖျားလျှင် မျက်ရည်ပူတွေကျတက်သည်က ငယ်ကတည်းကအကျင့်။ခြံရှေ့ကားသံကြားသော်လည်း ဦးလေးအောင်ရှိနေသည်မို့ ဟန်လေးထမသွားတော့။
ထသွားလျှင်လဲလူကသေချာပေါက်ပစ်လဲပေလိမ့်မည်။"ဟန်လေးရေ ကူပါအုံး ဒီမှာကလေးတွေအိပ်နေလို့"
"ဟုတ် မမလာပြီ"
ထိုအသံကိုမမကြားရဲ့လားမသိပေမဲ့ ဟန်လေးဒန်းပေါ်ကဆင်းလိုက်သည်နှင့် လူကမိုက်ခနဲဖြစ်သွားသည်။"ဟာ...ဟေ့......"
"ဟယ် ဟန်လေး"
ထို့နောက်တွင် ဟန်လေးတစ်စုံတစ်ရာပေါ်သို့ကျသွားခဲ့သည်။
"ကို ဟန်လေးကိုဆေးရုံလိုက်ပို့ပေးလိုက်
ဒီကလေးနေမကောင်းဘူး မနက်ကဆေးခန်းသွားဖို့မှာတာကို မသွားဘူးထင်တယ်""အသက် ကလေးတွေနဲ့အဆင်ပြေမလား"
"ရတယ် အိမ်မှာဒေါ်လေးတင်တင်လဲရှိတာပဲ
ဟန်လေးကိုသာမြန်မြန်ခေါ်သွားလိုက်
အကြာကြီးသတိလစ်နေတာမကောင်းဘူး""အင်း ဒါဆိုကိုခေါ်သွားလိုက်မယ်"
ပွေ့ချီထားဆဲဖြစ်သော ကောင်လေးကို ကားနောက်ခန်းစီထည့်လိုက်ပြီး မောင်းသူနေရာပြန်ထိုင်လိုက်ရသည်။
"သူဋ္ဌေး ဟန်လေးကို ဦးလေးခေါ်သွားလိုက်ပါ့မယ် သူဋ္ဌေးအခုမှပြန်လာတာ အနားယူလိုက်ပါ"
ကောင်လေးရဲ့ဦးလေးဖြစ်သူ ဦးလေးအောင်က ကားဘေးနားရောက်လာပြီးပြောသည်။
စိတ်မချဘူး။စက် ဒီကောင်လေးကို တခြားသူနဲ့
လုံးဝစိတ်မချနိုင်ပါ။
ကောင်လေးနေမကောင်းဘူးမို့လား။"ရတယ်ဦးအောင် ကျနော်ပဲခေါ်သွားလိုက်မယ်"
ထို့နောက်ကားကိုမောင်းထွက်လာခဲ့တော့သည်။
စက်ကားကိုဂရုစိုက်မောင်းနေပေမဲ့ နောက်ခန်းကကောင်လေးကို ခဏခဏလှည့်ကြည့်မိသည်။
DU LIEST GERADE
အမုန်းဖွဲ့ချစ်ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)
Romantik♥♥♥♥♥♥♥♥♥♥♥♥ (29.6.2020)