Part 22(unicode)

26.6K 1.3K 18
                                    

အမုန်းဖွဲ့ချစ်ခြင်း❤️22

ကလောအိမ်ကတစ်ထပ်တိုက်လေးမို့ ရန်ကုန်မှာလို အပေါ်ထပ်တက်စရာမလို။
အခန်းတံခါးဖွင့်လိုက်တော့ ဦးစက်က စောစောကဟန်လေးထားခဲ့တဲ့အတိုင်း ခုတင်ပေါ်မှာထိုင်နေဆဲ။

"ဦးစက် မျက်လုံးကိုပိုထိမှာပေါ့
ဘာလို့မျက်ရည်ကျနေတာလဲ"

"ကလေး သားတို့ရော"

"ထမင်းစားနေကြတယ်
ဦးစက်အကျီ ၤလဲရအောင်နော်"

"အင်း သားတို့ အရမ်းဝမ်းနေမယ်ထင်တယ်ကလေးရယ် တကယ်ဆို သူတို့ကို ဒီမှာထားပြီး
ရန်ကုန်ပြန်လိုက်ရမှာ အဲ့ဒါမှ သူတို့ဒယ်ဒီရဲ့ ဒီပုံစံကိုမမြင်ကြမှာ"

"ဦးစက်ရယ် ကလေးတွေက ထားခဲ့လို့မရဘူးလေ ပင်ပန်းနေတယ်မို့လား အဲ့ဒါမို့ ဟန်လေးကိုမကာကွယ်ခဲ့သင့်ပါဘူးဆို"

"တော်တော့ကလေး အဲ့ဒီလိုထပ်မပြောနဲ့
ကလေးကို ကာကွယ်လိုက်တာ ကိုယ်နောင်တရနေတာမဟုတ်ဘူး ဒီအတိုင်း သားတွေမငိုစေချင်လို့ နောက်ထပ်မပြောနဲ့"

စိတ်ဆိုးကာ အော်လာပြန်သည်မို့ ဟန်လေးသက်ပြင်းခိုးချမိသည်။
ဟန်လေးလဲ ဦးစက်လိုပဲလေဗျာ။
ကိုယ်ချစ်တဲ့သူကို ဘယ်သူက မျက်လုံးကွယ်စေချင်မှာလဲ။
ဦးစက်ချစ်သလို ဟန်လေးလဲချစ်တက်တယ်လေဗျာ။

မထုတ်ရသေးသည့် အိတ်ထဲက အဝတ်စားတွေထုတ်လိုက်ပြီး ဦးစက်အတွက် အကျီ ၤရွေးလိုက်သည်။

"ဦးစက် အကျီ ၤလဲရအောင်
ရေချိုးအုံးမလား"

"ကိုယ်စိတ်ဆိုးနေတယ် စကားလာမပြောနဲ့"

စိတ်ဆိုးနေကြောင်းပြောကာခုတင်ပေါ်လှဲအိပ်သွားသည့် ဟန်လေးယောကျာ်း။
အခုလူကြီးက ကလေးကိုစိတ်ကောက်သွားသည်ပေါ့။
အရှုံးပေးပါတယ်ဦးစက်ရယ်။
ဦးစက်အချစ်ကိုယှဉ်ဖို့ ဟန်လေးအချစ်တွေနဲ့မယှဉ်တော့ပါဘူး။
ဟန်လေးကပဲ ဦးစက်ကိုချော့ပါ့မယ်။

ူ"သိလား ဦးစက်"

"ဘာလဲ"

ဦးစက်ဘေးနားဝင်လှဲကာ ရင်ဘတ်ပေါ်ခေါင်းလေးမှီလိုက်တော့ တွန်းထုတ်ပြန်သည်။
အတည်ကြီးစိတ်ဆိုးနေတယ်ထင်ပါ့။

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Tahanan ng mga kuwento. Tumuklas ngayon