Part 9(unicode)

34.4K 1.7K 35
                                    

အမုန်းဖွဲ့ချစ်ခြင်း❣️9

ဦးစက်တို့ Dinnerပြီးနောက်ပိုင်း
ဦးစက်က ဟန်လေးအပေါ်သိသိသာသာပင်ပြောင်းလဲလာသည်။
ရုပ်တည်ကြီးပဲမဟုတ်တော့ဘဲ တခါတလေအတည်ပေါက်နှင့်နောက်သည်အထိ ဟန်လေးနဲ့ရင်းနီးလာခဲ့သည်။

အပြင်သွားတိုင်းလဲ ဟန်လေးကိုအမြဲခေါ်သည်။
မမကုမ္မဏီကိုသွားရင်လဲ ဟန်လေးနဲ့ကလေးတွေကိုပါ ခေါ်လာခိုင်းတက်သည်။
မမကလဲ ဟန်လေးကိုအရင်ကထက်ပိုချစ်ပေးသည်။

မကြာခင်ကျောင်းတက်ရတော့မှာမို့ ဒီနေ့ဟန်လေးအတွက် ကျောပိုးအိတ်လိုက်ဝယ်ပေးမည်ဟုလဲ ကတိပေးထားသည်။

"ဟန်လေးရေ နေ့လည်တောင်ရောက်နေပြီ
ကုမ္မဏီကိုသွားတော့လေ"

"မမကမလိုက်ဘူးလား ဦးစက်ကလဲမမနဲ့အတူလာခဲ့ခိုင်းထားတာ"

"မမဖုန်းဆက်ထားပြီးပြီ မလိုက်နိုင်တဲ့အကြောင်း အာကာလေး ကိုယ်နည်းနည်းပူနေလို့ဟန်လေးရဲ့"

"ဟင် ဒါဆိုဟန်လေးလဲမသွားတော့ဘူး
အာကာလေးအနားနေပေးမယ်"

"သိပ်မဖြစ်ပါဘူး သွားစရာရှိတာသွား
နောက်တစ်ပတ်ပဲကျောင်းတွေဖွင့်တော့မှာ
နောက်ရက်လဲ မင်းဦးစက်ကမလုပ်များရင်
လိုက်ပို့နိုင်မှာမဟုတ်ဘူး"

"ဟုတ် ဒါဆိုခဏနေဟန်လေးသွားလိုက်မယ်မမ
ဘာမှာအုံးမှာလဲဟင် ဦးစက်ကိုဝယ်ခဲ့ခိုင်းပေးမယ်"

"မမှာတော့ပါဘူးဟန်လေးရယ်
ဟန်လေးသာ အခွင့်အရေးရတုန်း လိုချင်တာအကုန်ဝယ်ခိုင်းခဲ့"

"ဟီး ဟုတ်မမ
ဒါဆို ဟန်လေးအကျီ ၤလဲပြီးသွားတော့မယ်"

"အင်း အင်း"

ဟန်လေးအိမ်ကြီးထဲကပြေးထွက်ခဲ့ပြီးနောက်
အဝတ်စားအမြန်လဲကာ ဦးလေးကိုလိုက်ပို့ခိုင်းရသည်။
တော်ကြာဦးစက်က စောင့်ရတာကြာတယ်ဆိုပြီးအော်နေမှဖြင့်။

ဦးစက်ကုမ္မဏီကိုရောက်သည်နှင့် လှေကားထစ်တွေကို ကျော်ကာဟန်လေးအမြန်ပင်ပြေးတက်ခဲ့သည်။
စက်လှေကားတွေကိုဟန်လေးတစ်ယောက်ထဲမစီးရဲတာကြောင့် ရိုးရိုးလှေကားအတိုင်းတက်လာခဲ့ခြင်း။

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Wo Geschichten leben. Entdecke jetzt