Part 29(unicode)

22.9K 1.1K 8
                                    

အမုန်းဖွဲ့ချစ်ခြင်း❣️29

စက်မျက်လုံးတွေ ပြန်မြင်နိုင်တဲ့အချိန်မှာ ပထမဆုံးတွေ့ချင်တာ ကလေးနဲ့သားတွေကိုဖြစ်သည်။
ဒါပေမဲ့ ကလေးကတော့ ပတ်တီးစဖြည်သည်အထိရောက်မလာသေး။

နေမကောင်းဘူးဆိုတာကြောင့် ကလေးကိုစိတ်မဆိုးဖြစ်။
အိမ်ရောက်ရင်တော့ သေချာပေါက်တွေ့ရမှာပါ။

ရှေ့ကနေလှုပ်ရမ်းပြနေသော လက်ချောင်းတွေ။
အစပိုင်းမှာဝေဝါးဝါးပေမဲ့ ဖြေးဖြေးချင်းသေချာမြင်တွေ့လာရသည်။

"ကိုစက်ရှိန်သာ ဒေါက်တာ့လက်ချောင်းတွေကိုမြင်ရလား"

"မြင်ရတယ်ဒေါက်တာ"

"ဘေးကလူတွေကို ဖြေးဖြေးချင်းလိုက်ကြည့်ပေးပါ"

ဒေါက်တာ၏စကားအတိုင်း စက်ဘေးနားကလူတွေကိုလိုက်ကြည့်တော့ ဒေါ်ကြီးတင် သားကြီးနဲ့သားငယ် တခြားသူနာပြုတွေ။
အားလုံးကိုမြင်ရပေမဲ့ ဘာလို့ကလေးကိုမမြင်ရတာလဲ။
အရူးလေးက တချိန်လုံးစက်အနားမှာနေပြီး အခုတော့ပင်ပန်းပြီးမလာနိုင်တော့ဘူးပေါ့။
အဆိုးလေး အဲ့ဒါကြောင့် နားနေပါဆိုတာကိုနားမထောင်ဘူးလေ။

"ကျနော့်မျက်လုံးတွေ သေချာမြင်ရပြီဒေါက်တာ"

"ဂုဏ်ယူပါတယ်ကိုစက်ရှိန်သာ
ခင်ဗျားမျက်လုံးတွေ အကောင်းပကတိအတိုင်းမြင်နိုင်ပြီ"

"ကျနော်ဆေးရုံကဆင်းလို့ရပြီလားဒေါက်တာ"

"ရပါပြီ ကျနော်ဆေးတွေပေးလိုက်ပါ့မယ်
တစ်ပတ်လောက် ဂရုစိုက်သောက်ပေးပါ"

"ဟုတ်ကဲ့"

ဒေါက်တာပြန်သွားသည်နှင့် စက်လဲပစ္စည်းတွေကောက်ထည့်လိုက်သည်။

"ဒေါ်ကြီးတင်သိမ်းပါ့မယ် သူဋ္ဌေး
နားနေပါ"

"ဆေးပဲသွားယူလိုက်ဒေါ်ကြီးတင် ဒါတွေကျနော်လုပ်ထားလိုက်မယ် အိမ်အမြန်ပြန်ချင်ပြီ ကျနော်ကလေးကိုစိတ်မချဘူး"

"သူဋ္ဌေးရယ်......"

ဒေါ်ကြီးတင်ရဲ့ ထိုအသံကိုစက်သဘောမကျတာအမှန်။
ဒေါ်ကြီးတင်စိတ်ထဲမှာ စက်ကိုသနားစရာလူတစ်ယောက်လိုမြင်နေတာဘာလို့လဲ။

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Donde viven las historias. Descúbrelo ahora