အမုန်းဖွ့ဲချစ်ခြင်း❣️14
တနေကုန်အလုပ်ခန်းထဲက မထွက်ဖြစ်သည်မို့
ညစာစားချိန်ကျော်သွားမှ သားတွေကိုသတိရသည်။အောက်ထပ်ကိုဆင်းလာတော့ ဒေါ်လေးတင်က ထမင်းပန်းကန်တချို့ဆေးကြောနေသည်။
"ဒေါ်လေး ကလေးတွေရော"
"အခုလေးတင်ပဲ ညစာစားပြီးအပေါ်တက်သွားကြပြီကွယ် သူဋ္ဌေး ညစာစားတော့မလား"
"ဟုတ် စားလိုက်တော့မယ်
ဟိုတစ်ယောက်ရောစားပြီးသွားပြီလား""မစားသေးဘူးတဲ့ သူဋ္ဌေးစားပြီးမှစားမယ်ပြောသွားတာ"
"ထားလိုက်...ကျနော်ကိုယ့်ဘာသာပဲစားလိုက်မယ် ဒေါ်လေးတင်သွားနားတော့လေ"
"ဟုတ်ကဲ့ပါသူဋ္ဌေး"
ဒေါ်လေးတင်ထွက်သွားမှ အရက်ပုလင်းတွေထားသည့် ဘီဒိုထဲက အပြင်းစားတစ်လုံးကိုဆွဲထုတ်လိုက်သည်။
ရင်ထဲမှာ ပူလောင်လွန်းနေသည်မို့ ဘာမှစားချင်စိတ်ရှိမနေ။"ဟင် ဦးစက်"
ခြေသံတရှပ်ရှပ်ဟာ အနားရောက်လာသည့်တိုင် စက်မော့မကြည့်ဖြစ်။
ဖြူစင်မယောင်နဲ့ ကောက်ကျစ်လွန်းတဲ့အဲ့ဒီမျက်နှာပိုင်ရှင်ကိုမြင်တိုင်း စက်ရင်တွေကွဲရသည်။"အရက်တွေသောက်နေတယ်
ဦးစက်ရယ် ဘာမှမစားဘဲသောက်နေတော့
အစာအိမ်ထိခိုက်မှာပေါ့ဗျာ
ဟန်လေးထမင်းပြင်လိုက်မယ်နော်""အပိုတွေလာလုပ်မနေနဲ့ မင်းဘာမင်းစားပြီးသွား ငါ့ကိုဂရုစိုက်မနေနဲ့"
"ဂရုမစိုက်လို့မရဘူးဦးစက်
ဦးစက်က ဟန်လေးယောကျာ်း
အရက်တွေသောက်ပြီးတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ""လက်စသတ်တော့ မင်းကငါသေမှာစိုးနေတာပဲ ဘာလဲ မုဆိုးဖိုဖြစ်မှာစိုးလို့လား"
"မဟုတ်ပါဘူးဦးစက်ရယ်
ဟန်လေးက ဦးစက်နေမကောင်းဖြစ်မှာစိုးလို့ပါ""ခဏ ခုနကမင်းပြောတာ ငါကမင်းယောကျာ်း အဲ့လိုဟုတ်တယ်နော်"
"ဟု...ဟုတ်"
"တရားဝင်ယောကျာ်းဖြစ်အောင်လုပ်ကြမလား
ဟမ်...ငါ့ယောကျာ်းလေးဖြစ်ချင်လား အာ...မင်္ဂလာဦးညပဲ အတူတူလုပ်ရမှာပေါ့ကွာ"
DU LIEST GERADE
အမုန်းဖွဲ့ချစ်ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)
Romantik♥♥♥♥♥♥♥♥♥♥♥♥ (29.6.2020)