အမုန်းဖွဲ့ချစ်ခြင်း❣️16
ကလေးနှစ်ယောက်၏တောင်းဆိုမှုကြောင့်
တစ်ပတ်လောက်ကြာတော့ ဟန်လေး ကလေးတွေကိုကျောင်းလိုက်ပို့ခွင့်ရခဲ့သည်။ပိစိနှစ်ယောက်နည်းတူ ဟန်လေးလဲပျော်သည်။
တခါတလေ ကားနောက်ခန်းကနေ ရယ်သံများကျယ်သွားရင် ရှေ့ခန်းကဦးစက်က ခပ်တည်တည်ကြည့်တာမို့ သုံးယောက်လုံးတိတ်သွားရသေးသည်။"ဒယ်ဒီ ဘိုင့်......ပါး...ဘိုင်းး"
"ဘိုင်း ပိစိလေးတို့"
ကလေးတွေနှုတ်ဆက်တာကို ခေါင်းပဲငြိမ့်ပြသည့် ဒယ်ဒီကြီးကာ လုံးဝအချေ။
တကယ်တမ်းချေတာမဟုတ် ပိစိတို့ကျောင်းကဆရာမတွေရှေ့မို့ဂိုက်ပေးကြမ်းနေတာပါ။"မင်းရုပ်ကဘာဖြစ်နေတာလဲ
ဘဲနှုတ်သီးလို ဆူထော်မနေစမ်းနဲ့""ဘာဘဲနှုတ်သီးလဲ ဦးစက်ပဲ အဲ့ဘဲနှုတ်သီးကို တမ်းတမ်းစွဲနေတာလေ"
အနည်းငယ်ကျယ်သွားသည့် ဟန်လေးအသံကြောင့် ဦးစက်က ဘေးဘီဝေ့ကြည့်ကာ မျက်လုံးပြူးပြသည်။
"မင်းမရှက်ဘူးလား အဲ့ဒီစကားကိုအကျယ်ကြီးပြောရအောင်က"
"မရှက်ပါဘူး ကိုယ့်ယောကျာ်းကိုပြောတာပဲ
ဘယ်သူကြားတာမှတ်လို့""ဘာ...ကိုယ့်ယောကျာ်း"
"မဟုတ်ဘူးလား
ဦးစက်က ဟန်လေးယောကျာ်းမဟုတ်လို့လား
ပြောလေ ပြော""စွာနေ စွာနေ အဲ့ဒီအပေါက်ကို ငါအသေပိတ်ထားအုံးမယ်"
"ဟွင့်"
ဟွင့်ခနဲတစ်ချက်လုပ်ကာ ဆရာမတွေဘက်ကိုပါ ဘုကြည့် ကြည့်ပစ်လိုက်ပြီး ကားပေါ်စောင့်အောင့်တက်လိုက်သည်။
"မင်းလင်ပိုင်တဲ့ကားက ဈေးကြီးပေးထားရတာ
ပျက်စီးသွားရင် နှစ်ဆလျှော်ရမယ်မှတ် အကြွေးပေါ်အကြွေးဆင့် မင်းဘဝလုံးကျွန်လုပ်ရမယ်ပြင်ထား""အကြွေးမှတ်ထား ညညကျမှ အတိုးနဲ့ယူ"
ပက်ခနဲပြန်ပြောလိုက်တော့ ဦးစက်မျက်နှာကြီး
ရဲတက်လာသည်။
ခွီး......ဦးစက်ရှက်နေတာများလား။
အတိုးနဲ့ယူတာသူမဟုတ်တဲ့အတိုင်း။
VOUS LISEZ
အမုန်းဖွဲ့ချစ်ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)
Roman d'amour♥♥♥♥♥♥♥♥♥♥♥♥ (29.6.2020)