အမုန်းဖွဲ့ချစ်ခြင်း❣️2
ည10နာရီထိုးသည့်တိုင် စက် အလုပ်စားပွဲစီမှမထဖြစ်သေး။
ဘေးနားကအေးစက်စက်ကော်ဖီဟာလဲသုံးခွက်မြောက်ဖြစ်သည်။အသက်ကတော့ ကလေးတွေနဲ့တစ်နေကုန်နေရသည်မို့ ပင်ပန်းကာစောစောအိပ်ယာဝင်သွားပြီဖြစ်သည်။
လုပ်လက်စစာရင်းတွေလက်စသတ်ပြီးနောက် 11နာရီထိုးလုနီးဖြစ်သည်။
အလုပ်ခန်းကိုပိတ်ကာ အိပ်ခန်းထဲဝင်လာခဲ့သည်။"ကို အခုမှအလုပ်ပြီးတာလား"
"အင်း အသက် ကို့ကြောင့်နိုးသွားတာလား"
"မဟုတ်ပါဘူး ဒီတိုင်းနိုးလာတာ
တော်တော်တောင်နောက်ကျနေပြီကိုရယ်
ကျန်းမာရေးထိတော့မှာပဲ""ဘာမှမဖြစ်ပါဘူးအသက်ရယ်
ကိုအကောင်းကြီးရှိပါသေးတယ်
လာ ပြန်အိပ်"အသက်ဘေးသို့ဝင်ကာ လှဲရင်းသူမကိုလဲရင်ခွင်ထဲဆွဲခေါ်လိုက်သည်။
တစ်ဖက်ခုတင်ပေါ်ကသားနှစ်ယောက်ကတော့ နှစ်ခြိုက်စွာအိပ်မောကျလျှက်။"ကိုကအိပ်ရေးပျက်ရင်သိသာတယ်
မျက်နှာကတန်းချောင်သွားတာ""မနက်ကျပြန်ပြည့်နေမှာပါအသက်ရဲ့
စိတ်မပူနဲ့ဒီကမိန်းမနဲ့သားအတွက် ဒီယောကျာ်းကအများကြီးခန့်ညားနေအုံးမှာ""ဘာမှလဲမဆိုင်ဘူးနော် ပြောစမ်းပါအုံး
အဲ့လောက်ခန့်ညားချင်နေတာ အသစ်တွေ့နေတာလား""အသက်ရယ် မေးရက်လိုက်တာ
ကို့မှာအသက်ကိုတောင်ချစ်လို့မဝလွန်းလို့
နောက်တစ်ယောက်ဆိုတာ စိတ်ကူးတောင်မရှိဘူး ဒီမိန်းမလေးကိုတောင် သားတွေနဲ့လုနေရတာဗျ"ရင်ခွင်ထဲသူမအားငုံ့ကြည့်ကာ နှာခေါင်းလေးကိုဆွဲညစ်ပစ်လိုက်သည်။
စက်မေးဖျားကိုမော့နမ်းကာသူမကရင်ခွင်ထဲပို၍တိုးဝင်လာသည်။
မီးအိမ်အလင်းရောင်အားလေးနဲ့ မပီမပြင်မြင်နေရသော အသက်မျက်နှာလှလှက စက်ကိုဘယ်ချိန်မဆိုရင်ခုန်ရစ်မူးစေသည်။"ချစ်လိုက်ရတာအသက်ရယ်
ရူးမတက်ဘဲ""ကိုနော် ချုပ်ဆေးတွေနဲ့လာပြီးမချုပ်နဲ့
တော်ပြီ သားတို့နဲ့သွားအိပ်တော့မယ်"
YOU ARE READING
အမုန်းဖွဲ့ချစ်ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)
Romance♥♥♥♥♥♥♥♥♥♥♥♥ (29.6.2020)