အမုန်းဖွဲ့ချစ်ခြင်း❣️4
ဟန်လေး မနက်အစောထကာ အိမ်ကြီးစီလာခဲ့သည်။
ဟန်လေးရောက်တော့ ကြီးကြီးတင်က ရေနွေးအိုးကိုမီးချိတ်နေသည်။"ကြီးကြီး"
"ဟဲ့ ဟန်လေး အစောကြီးရှိသေးတယ်ဘာထလုပ်တာလဲ"
"ဟန်လေး မနက်စာကူလုပ်ပေးမလို့ကြီးတင်
အာ...အရင်ဆုံး ဘုရားပန်းလဲပေးမယ်နော်""အေးအေး မနေ့ဝယ်လာတဲ့နှင်းဆီပန်းတွေရှိသေးတယ် လက်ကိုဆူးမယ်နော် သေချာလုပ်"
"ဟုတ်ကဲ့ပါဗျ"
ဟန်လေးအပေါ်ထပ်ကိုတက်လာခဲ့သည်။
မနေ့ကမမပြထားလို့ ဘုရားခန်းကဘယ်မှာရှိလဲဆိုတာဟန်လေးသိသည်။ဘုရားခန်းမှာ အမှိုက်အရင်ရှင်း ကြမ်းသုတ်ပြီးမှ ဘုရားအိုးတွေယူလာခဲ့သည်။
~ဂျလောက်~
"အမေ့......"
ဘုရားခန်းဘေးက အခန်းမှရုတ်တရက်အသံမြည်လာသည်မို့ ဟန်လေးလန့်သွားရသည်။
"ဦး...ဦးစက်"
ဦးစက်က ဟန်လေးလက်ထဲကဘုရားပန်းအိုးကိုကြည့်ပြီး
"ဘုရားပန်းလဲမလိုလား"
"ဟုတ်"
"အစောကြီးနိုးတာပဲမင်း"
"ဟုတ် ဟန်လေးသွားလို့ရပြီလားဟင်"
"သွားလေ လှေကားသေချာဆင်း လက်ထဲကမနိုင်မနင်းနဲ့ပြုတ်ကျမယ်"
"ဟုတ်"
ဦးစက်ကခုနကအခန်းထဲပြန်ဝင်သွားမှ
ဟန်လေးလဲအောက်ကိုဆက်ဆင်းခဲ့သည်။
ှုၤဦးစက်ကိုမြင်တာနဲ့ခြေဖျားလက်ဖျားတွေကတုန်နေချင်သည်။
လှေကားကို မနည်းဂရုစိုက်ကာဆင်းလာရသည်။"ကြီးကြီး ဘုရားပန်းလဲပြီးပြီ
ဘာလုပ်ရမလဲ""မုန့်ဟင်းခါးချက်မလို့ဟန်လေးရေ
စားပွဲပေါ်မှာလိုအပ်တာတွေလုပ်ထားတယ်
ကြီးကြီးကိုရေဆေးပေး""ဟုတ်"
ကြီးကြီးခိုင်းတာတွေလုပ်ပေးပြီးနောက်
မုန့်ဟင်းခါးချက်တာကို ဘေးကနေကြည့်နေလိုက်သည်။
ŞİMDİ OKUDUĞUN
အမုန်းဖွဲ့ချစ်ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)
Romantizm♥♥♥♥♥♥♥♥♥♥♥♥ (29.6.2020)