(2)

9.3K 574 132
                                    

Zawgyi 🌴

နောက်တစ်နေ့မှာ ခါတိုင်းထက် ရိပေါ် ပိုပြီး
အိပ်ရာကနေ စောစောထဖြစ်တယ် ပြီးတော့
မနက်ခင်းလုပ်ငန်းကိုစတင်ကာ breakfast စားရန်
ထမင်းစားခန်းထဲကို ဝင်လာတော့တယ်

"ရိပေါ်.. သခင်ကြီး မနိုးသေးဘူးလား"

"ဦးလား အိပ်နေတုန်းပဲ.. "

ထမင်းစားခန်းထဲကို ရောက်တော့ ခုံပေါ်မှာ
ထိုင်နေတဲ့ ချန်းယွီလေးက မျက်လုံးလေးတွေ
ဝိုင်းစက်ကာ ခနမျှသာပြန်ကြည့်လာပြီး
တခနအတွင်း ဝိုင်းစက်သောမျက်ဝန်းတွေက
ကျဉ်းမြောင်းလာကာ အလိုမကျသော
အကြည့်တစ်ချက်ကို ရိပေါ်ထံ ပစ်ပေးသည်

သူ့ကို ခေါ်လာတာ ဦးဖြစ်လို့ ငါ့ထက် ဦးကို
ပိုပြီး ခင်တွယ်နေတာ ထင်ပါတယ်..

"အာ.. ရိပေါ် ခနလေးစောင့်နော် မင်းရဲ့
အကိုရွှယ်ယမ်က ညတုန်းကလေ သောက်တာ
များသွားတော့ အိပ်ရာထနောက်ကျနေတာ
အဲ့ဒါကြောင့် breakfast ပြင်နေတုန်းပဲ ခနနော်"

"အော်.. ဦးလဲမနိုးသေးတော့ ဖြေးဖြေးလုပ်ကြပါ
အကိုတို့ရယ် သွား သွား အကိုရွှယ်ယမ်ကို
ကူပေးလိုက်ပါဦး ကျွန်တော် ချန်းယွီလေးနဲ့
ခနလောက် စကားပြောအုန်းမယ်"

"ကောင်းပါပီ အကိုသွားပီနော်"

ရိပေါ်ခေါင်းတစ်ချက်ငြိမ့်ပြလိုက်တော့ ဝမ်ချောင်လဲ
ထွက်သွားလေသည် ပြီးနောက် ရိပေါ်က
ချန်းယွီအနားကို တိုးကပ်သွားကာ
စကားစပြောသည်

"ချန်းယွီလေး ဒီနေ့ ကျောင်းသွားရမှာ
သိတယ်မလား"

ထိုစကားကြောင့် ချန်းယွီလေးသည်
ခေါင်းငုံ့ထားရာကနေ ကျွန်တော်ကို
တစ်ချက်မျှသာ ကြည့်လာသည်

"Daddy လိုက်ပို့ပေးမှာလား"

"မဟုတ်ဘူး ဦးလေးဝမ်ချောင်လိုက်ပို့လိမ့်မယ်"

မျှော်လင့်ချက်တွေ ပျက်သုန်းသွားသော
ကလေးငယ်သည် တခနအတွင်းမှာ
မျက်နှာလေးက ညှိုးကျသွားခဲ့သည်

"သားက Daddy လိုက်ပို့မယ်ထင်နေတာ.. "

"ချန်းယွီလေးရဲ့Daddyက အလုပ်မအားလို့ပါ"

အၾကင္နာအင္အား(အကြင်နာအင်အား) S2 CompleteWhere stories live. Discover now