(20)

6.1K 467 29
                                    

Zawgyi🌴

ချန်းယွီသတိရလာတော့မျက်နှာကျက်အဖြူရောင်က
ကြိုနေသည်။ ဘေးကိုဝေ့ကြည့်တော့ကျူးရန်ကို၊
တွေ့လိုက်ရတာကြောင့်ဝမ်းသာအားရနဲ့ထဖို့၊
ပြင်လိုက်သည်။

"အား.. "

"bae ပြန်အိပ်နေလိုက်နော် အနားယူလိုက်ဦး"

"ကျူးရန်.. ငါ ဘာဖြစ်တာလဲ"

"Car Accident ဖြစ်တာ ဒါပေမယ့် မဆိုးရိမ်ပါနဲ့
မင်းအမြန်ဆုံး နေပြန်ကောင်းလာမှာပါ"

အောက်ပိုင်းကလှုပ်လို့မရပဲထုံနေတဲ့အရာကြောင့်၊
ချန်းယွီလန့်သွားသည်။

"ကျူးရန် ငါ့... ငါ့ခြေထောက်တွေက"

ချန်းယွီအထိတ်တလန့်နဲ့မေးတော့ကျူးရန်
ဘာစကားတောင်ပြန်ပြောရမှန်းမသိ..။

"စိတ်အေးအေးထား ချန်းယွီ.. ဘာမှမဖြစ်ဘူး "

"ဒါပေမယ့်.. ငါ့ခြေထောက်တွေ မလှုပ်နိုင်တော့ဘူး
ဒါ ဘာအဓိပ္ပာယ်လဲ "

ကျူးရန် ကြောက်လန့်နေတဲ့ချန်းယွီကိုဖက်ထားပြီး. 
ကျောလေးကိုဖွဖွပွတ်ကာ နှစ်သိမ့်လိုက်တယ်။

"ငါ လမ်းမလျှောက်နိုင်တော့ဘူးလား..
မဟုတ်ဘူး အဲ့လို မဟုတ်ပါဘူး ငါ မင်းကို
ပြန်ကုပေးမယ် မင်းဘာမှမဖြစ်စေရဘူး"

"ငါကြောက်တယ်!!  ငါ့ကို ဖက်ထားပေး "

ကျူးရန် ရင်ခွင်ထဲတိုးဝင်ကာငိုနေတဲ့၊
ကောင်လေးကိုခပ်တင်းတင်းပြန်ဖက်ထားလိုက်သည်။

"စိတ်အေးအေးထား ဘာမှမဖြစ်ဘူး"

"မင်းကို ငါက အတိတ်မေ့တယ်ထင်နေတာ"

"ဟင့်အင်း... ငါအတိတ်မမေ့ခဲ့ဘူး "

ချန်းယွီ မျက်လုံးကိုစုံမှိတ်ချရင်း၊ မျက်ရည်တွေကို
ကျူးရန် ရင်ခွင်ထဲမှာ သွန်ချပစ်လိုက်သည်။

"ငါက အခု တစ်ကယ်ကိုသုံးစားမရတဲ့သူ
ဖြစ်ပီလား"

"သုံးစားမရလဲ ငါချစ်တယ် "

"ငါမင်းပေါ် ဘာမှ မကောင်းခဲ့ဘူးလေ"

"တစ်ခုပြောမယ် ချန်းလေးကိုသတ်ဖို့
ကြံစည်တာက ကိုယ်ပါးပါး.. "

အၾကင္နာအင္အား(အကြင်နာအင်အား) S2 CompleteWhere stories live. Discover now