(6)

7.1K 486 60
                                    

Zawgyi 🌴

နောက်တစ်နေ့ ရိပေါ်နိုးလာတော့ သူ့ဘေးမှာ
ရှောင်ကျန့်ရှိနေတာကို မြင်လိုက်ရတာကြောင့်
ပြုံးလိုက်သည် ပြီးနောက် ရှောင်ကျန့်အနားကို
တိုးကပ်သွားကာ ရင်ခွင်ထဲကိုသာ တစ်ဖြေးဖြေး
တိုးဝင်နေလိုက်သည် သူ့ခန္ဓာကိုယ်ပေါ်မှာ
အဝတ်တွေရှိမနေတဲ့အပြင် ရှောင်ကျန့်လဲ
အဝတ်တွေရှိမနေတာကြောင့် အံ့အားသင့်နေသည်

"ဦး.. "

သူ့အသံခပ်သော့သော့ကြားတော့ ရှောင်ကျန့်က
အိပ်ရာကနေ တစ်ဖြေးဖြေးနဲ့ မျက်လုံးကို
ဖွင့်ကြည့်လာသည်

"ကလေးလေး နိုးပီလား"

ရှောင်ကျန့် ချက်ချင်းထထိုင်ကာ ကလေးငယ်ကို
ပွေ့ဖက်လိုက်သည် ကလေးငယ်ရဲ့ ရင်ပြင်ဖွေးဖွေး
လေးပေါ်မှာ သူပေးထားတဲ့ အနီရောင်အမှက်တွေနဲ့
ရွှေလည်တိုင်ပေါ်က ကိုက်ရာတွေကလဲ
အနီရောင်ကနေ အညိုရောင်ဘက်ကို အနည်းငယ်
ကူးပြောင်းနေသည်

"ဦး ဘယ်လိုဖြစ်ပီး ကျွန်တော် ဦးဆီပြန်ရောက်နေတာလဲ"

"ကလေးလေး ဘာမှ မမှတ်မိဘူးလား "

ကလေးငယ်က မျက်တောင်လေးပုတ်ခတ် ပုတ်ခတ်နဲ့
ခေါင်းလေးကို တစ်ဆတ်ဆတ်ငြိမ့်ပြသည်

"ကလေးငယ်ကို ကောင်လေးတစ်ယောက်
လာပို့သွားတာ"

"ဗျာ"

ဆိုပြီး ရင်ခွင်ထဲကနေ ဆတ်ခနဲ့ ရုန်းထသွားတဲ့
ကလေးငယ်ကြောင့် ခနလောက်ကြောင်သွားသည်

"သူ.. သူက ဦးကို ဘာပြောသွားသေးလဲ"

"သူက ပြောတာပေါ့ ကလေးငယ်က
အရက်ကိုတအားသောက်တဲ့အကြောင်း"

"အဲ့ဒါပဲလား "

"အင်း"

ရိပေါ် အခုမှ စိတ်အေးသက်သာဖြစ်သွားပြီး
ရှောင်ကျန့် ရင်ခွင်ထဲကို ပြန်ဝင်လိုက်သည်

"ဒါဆို ကျွန်တော်ကိုယ်ပေါ်မှာ ဘာဖြစ်လို့
အဝတ်တွေရှိမနေတာလဲ"

ညတုန်းက ကလေးငယ် တအားဖျားတာကြောင့်
အဝတ်တွေချွတ်ပြီး ရေပတ်တိုက်ပေးရသည်
ဒါတောင် ဒီကလေးက မမှတ်မိတာကြောင့်
စချင်စိတ်တွေဖြစ်လာသည်

အၾကင္နာအင္အား(အကြင်နာအင်အား) S2 CompleteHikayelerin yaşadığı yer. Şimdi keşfedin