Zawgyi 🌴
ရိပေါ်စိတ်ကောက်နေတဲ့၊ နေ့တစ်နေ့
ရှောင်ကျန့်မှာခေါင်းဦးလေးပိုက်ပြီးဘယ်အခန်းကို
ပြေးဝင်အိပ်ရမှန်းမသိဖြစ်နေတယ်။"Daddy ခေါင်းဦးတွေစောင်တွေနဲ့ ဒါက
ဘယ်လိုဖြစ်လာရတာလဲ""ဘယ်လိုဖြစ်ရမှာလဲ ပါးပါးက Daddy ကို
စိတ်ကောက်နေတယ်လေ ""ပါးပါးအထင်လွဲအောင်Daddy က
ဘာလုပ်မိလို့လဲမှ မသိတာ""ဒီလိုကွာ ပါးပါးအတွင်းရေးမှူးမလေးနဲ့
အလုပ်ကိစ္စရှိလို့အပြင်သွားတာကို
တိုက်တိုက်ဆိုင်ဆိုင် ပါးပါးရိပေါ်နဲ့သွားတွေ့တယ်
အဲ့ဒါကိုကွာရှင်းပြခွင့်လဲမပေးပဲ အခန်းထဲတောင်
ပေးမဝင်ဘူးလေ""သနားလိုက်တာ၊ Daddy ရယ်"
"ဘာပဲဖြစ်ဖြစ် မီးငယ်ရဲ့Daddy က
အရမ်းတော်တာမလို့ ပါးပါးကိုပြန်ချော့နိုင်မှာပါ""သားတို့ရဲ့Daddy မလို့လေ"
"ဟားဟား ဟုတ်ပါ့ဗျာ.. Daddy အကြောင်းကို
သားနဲ့သမီးလဲသိတယ်မလား မင်းတို့ရဲ့
စူပါဒယ်ဒီပါကွ ဒီလောက်ကတော့အပျော့ပဲ""ယုံတာပေါ့ Daddy "
"Daddy က ပါးပါးကိုချော့လို့မရရင် လက်တွေပါ
ပါကုန်တာသိရက်သားနဲ့""အံမယ်!! Daddy ပဲနောက်ဆုံးကျခံရတာပဲမလား"
ကလေးနှစ်ယောက်ကကြိတ်ရယ်တော့၊
ရှောင်ကျန့်မှာအရှက်ပြေရယ်ပြခဲ့ရသေးတယ်။"Daddy အချိန်ရှိသလောက် အားထည့်တော့လေ"
"သားတို့အခန်းထဲကနေ နားစွင့်နေမှာနော်"
"ဟုတ်ပြီ.. Daddy ရဲ့ သားနဲ့သမီးလဲ
သွားအိပ်ကြတော့နော်""အွန်း!!
ရှောင်ကျန့်ကလေးနှစ်ယောက်ကိုနှုတ်ဆတ်ပြီး
စောင်နဲ့ခေါင်းဦးကိုပိုက်ကာခပ်ဟဟစေ့ထားတဲ့
ရိပေါ်ရှိရာအခန်းထဲကိုမသိမသာဝင်လာခဲ့တယ်။
အဲ့ဒါကိုမြင်တော့ ရိပေါ်ကတစ်ဖက်ကို
မျက်နှာလွှဲလိုက်တယ်။"ခင်ဗျားကြီး ဝင်လာပြန်ပြီလား ထွက်သွား"
ရှောင်ကျန့်ခေါင်းဦးနဲ့စောင်ကိုနေရာတကျ၊
ပြန်ထားလိုက်ပြီးစိတ်ကောက်နေတဲ့ ကလေးငယ်ရဲ့
ဘေးကိုဝင်ထိုင်လိုက်တယ်။
DU LIEST GERADE
အၾကင္နာအင္အား(အကြင်နာအင်အား) S2 Complete
Fanfictionအကြင်နာအင်အား S2လေးပါနော် 🙂🙂🙂 အကြင်နာအင်အား S2လေးပါနော် 🙂🙂🙂