(14)

5.9K 484 53
                                    

Zawgyi 🌴

ချန်းယွီ ရိပေါ်ကိုလုပ်ကြံမယ့်အစီစဉ်ခနရပ်ထားကာ
ကျူးရန်ကို ဖုန်းဆက်ပြီးခေါ်လိုက်သည်။
ဒီနေ့အတွက် စိတ်ပက်ပန်းသမျှတွေကို ဖြေရန်
အတွက်ဖြစ်သည်။

"Bae စောင့်နေရတာ ကြာပြီလား"

"ကြာပီ"

"Sorry Bae "

ကျူးရန်လဲ ချန်းယွီအနားကိုဝင်ထိုင်လိုက်သည်။

"ငါ ညနေတုန်းက မင်းကိုကောင်မလေး
တစ်ယောက်နဲ့တွေ့တယ်"

ချန်းယွီပြောလိုက်တဲ့ စကားကြောင့် ကျူးရန်
စဉ်းစားရခက်သွားသည်။ ပြီးမှ..

"အော်.. အဲ့ဒါက ဘာဖြစ်လို့လဲ Baeကိုယ့်ကိုယ်
သဝန်တိုလို့လား တစ်ကယ်တော့ကိုယ်တို့က...!

"မင်းကို ငါက သဝန်တိုတယ်လို့ပြောမိလို့လား...!

ချန်းယွီ မျက်စောင်းထိုးရင်း ပြောလိုက်သည်။

"မပြောဘူးလေ ဒါပေမယ့် Baeက အဲ့လိုပုံစံ
ဖြစ်နေလို့ အဟဲဟဲ ရင်တောင်ခုန်သွားတယ်"

ကျူးရန်က ရင်ဘက်လေးကို ဖိကာပြောတော့၊
ချန်းယွီ မျက်မှောကျုံ့လိုက်ပြီး...

"ဘာပဲဖြစ်ဖြစ် မင်းအရင်က ငါ့ကိုကြိုက်တယ်လို့
ပြောခဲ့တာမလား ငါကမင်းကိုပြန်ပြီးမကြိုက်တာနဲ့ပဲ
တစ်ခြားတစ်ယောက်ကို ပြောင်းကြိုက်ဖို့လိုလို့လား
ပြီးတော့ ငါမင်းကိုမကြိုက်ပေမယ့် မင်းကတော့
ငါကလွဲရင် ဘယ်သူ့ကိုမှကြိုက်ဖို့မလိုဘူး"

ချန်းယွီက ဒေါသထွက်ကာ ပြောတော့၊ ကျူးရန်လဲ
နှစ်ချိုက်စွာ ပြုံးလိုက်သည်။

"ဒါဆို Bae ကိုယ့်ကိုယ်မချစ်ဘူးလား"

"ငါDaddyကိုပဲချစ်တယ်လို့ပြောပီးပီမလား"

"ဒါပေမယ့် Baeရယ် သေချာစဉ်းစားပါအုံး
အဲ့ဒါက သေချာရဲ့လား"

"သေချာတယ်"

"ဘယ်လောက်ပဲချစ်ပါစေအုံးတော့ သူ့မှာက
အိမ်ထောင်လဲရှိပြီး မကြာခင် ကလေးတွေရဲ့
အဖေဖြစ်တော့မယ့်သူကို Baeလက်လွှတ်လိုက်ပါ့လား
အဲ့ဒီအစား ကိုယ့်ကိုယ်ပဲ စဉ်းစားပေး"

အၾကင္နာအင္အား(အကြင်နာအင်အား) S2 CompleteDonde viven las historias. Descúbrelo ahora