Zawgyi 🌴
နောက်တစ်နေ့မှာ ချန်းယွီလေး အစောကြီး
ကျောင်းသွားသည် ရိပေါ်နဲ့ရှောင်ကျန့်ကိုပါ
သိသိသာသာ ရှောင်နေခဲ့သည်။ ရိပေါ်ရိပ်မိသော်လဲ
မသိချင်ယောင်ဆောင်နေလိုက်သည်။"ချန်းယွီလေး တစ်ခုခုဖြစ်နေသလိုပဲ"
"ဟုတ်လား ဦး တစ်ကယ်ပဲအဲ့လိုထင်တာလား"
"အင်း.. ဒီတိုင်း တွေးကြည့်တာပါ ချန်းယွီလေး
ဦးတို့ကိုရှောင်နေတာ တစ်ပတ်လောက်ရှိပီလေ""ဦး ပြောကြည့်လေ ဘာကြောင့် အဲ့လို
ဖြစ်လဲဆိုတာကို"ကလေးငယ်က မိုးပြာရောင်Shirtအင်္ကျီလေးနဲ့
ဘောင်းဘီဒူးဖုံးလေးနှင့်ပင်။ Sofaပေါ်မှာ
စနစ်တကျထိုင်ကာ အရှေ့မှာချထားသည့်
ကြက်ကြော်များကို နှုတ်ခမ်းလေးတထော်ထော်နဲ့
စားနေသည်က တစ်ပြွတ်ပြွတ်ဆိုတဲ့အသံတွေပါ
ထွက်နေသေးသည်။"ကလေး.. ဂရုစိုက်စားလေ ကြည့်ဦးပေပွနေတာပဲ"
ဦးက ဘေးကပ်ထိုင်လာပြီး ပေပွနေတဲ့
နှုတ်ခမ်းလေးကို လက်နဲ့ငြင်သာစွာကိုင်ပြီး
သုတ်ပေးနေတာကြောင့်ခနလောက်ကြောင်အ
သွားသည်။"အဟွန်း.. "
ပြီးမှ ညစ်ကျယ်ကျယ်ပြုံးရင်း ဦးရဲ့ပေါင်ပေါ်ကို
တတ်ထိုင်လိုက်သည်။"ဦးက ငြိုငြင်တာလား"
"ဖြစ်စရာလားကွာ .. ဦး အရမ်းချစ်တာ
မင်းလဲ သိရက်သားနဲ့""ဒါဆိုလဲ ဆူဆောင့်နေတဲ့အသံနဲ့မပြောနဲ့နော်
ဒီကလေးလေးက ဘယ်လောက်ထိ
ဝမ်းနည်းတတ်သလဲ ဦး သိတယ်မလား"ကလေးငယ်ရဲ့ချွဲတတ်မှုကို ရှောင်ကျန့်
သဘောကျစွာပြုံးလိုက်ပါသည်။ ပြီးနောက်
ကလေးငယ်ရဲ့နှုတ်ခမ်းလေးထက်မှာ
အနမ်းတစ်ပွင့် ဆင်မြန်းပေးလိုက်သည်။
ရိပေါ်ရဲ့ နှုတ်ခမ်းလေးက ကြက်သားအရသာနဲ့
လုံးထွေးနေသည်။"ကျွန်တော်တို့ ချန်းယွီလေးနဲ့အတူ
Shopping ထွက်ကြမလား ဦး"ရင်ခွင်ထဲမှာရှိတဲ့ ကလေးငယ်က ပြောလာသည်။
"ကလေးလေးက Shopping ထွက်ချင်လို့လား"
"အွန်း"
YOU ARE READING
အၾကင္နာအင္အား(အကြင်နာအင်အား) S2 Complete
Fanfictionအကြင်နာအင်အား S2လေးပါနော် 🙂🙂🙂 အကြင်နာအင်အား S2လေးပါနော် 🙂🙂🙂