(17)

5.8K 399 14
                                    

Zawgyi🍁

ရှောင်ကျန့် အနားယူပြီးတော့ ရိပေါ်နဲ့အတူ၊
ရေအတူတူချိုးကြသေးသည်။ ရေချိုးခန်းထဲမှာ
သူ့မူပိုင်အကျင့်အတိုင်းအခွင့်ရေးက ရရင် ရသလို
ယူတတ်ပါသေးသည်။ ရှောင်ကျန့်ရဲ့မျက်နှာက
ပြုံးဖြီးနေပြီး ရိပေါ်ကတော့ ရေချိုးခန်းထဲကနေ
ထော့နဲ့ ထော့နဲ့သာပြန်ထွက်လာခဲ့ရတယ်။

"ခင်ဗျားကြောင့် လမ်းတောင် ကောင်းကောင်း
မလျှောက်နိုင်တော့ဘူး"

"ဒါတော့ မင်းက အရမ်းချစ်ဖို့ကောင်းအောင်
နေတာကို"

ကပြောင်ကချော်လုပ်နေတဲ့ ဦးကို ရိုက်ထုကာ၊
မျက်စောင်းကိုသာပစ်ပေးလိုက်တယ်။

"ကလေးအိမ်မှာနေခဲ့နော် ဦးသွားတော့မယ်"

ဦးက ရွပ္အက်ႌလက္ရွည္ေလးကို အက်ႌ
ကြယ်သီးတပ်ရင်း၊ ပြောလာသည်။

"သတိထားဦးနော်..!

"ဟုတ်ပါပီ.. ကလေးသာ နေကောင်းအောင်နေပါ"

ထို့နောက် ရှောင်ကျန့်တစ်ယောက်၊ ကားသော့ကို
ဆွဲယူကာ ထွက်လာခဲ့သည်။ ချန်းယွီမေးမယ့်
မေးခွန်းတွေကို သူကြိုသိသလို အဖြေတွေလဲ
ရှိနေသည်။

မီးခိုးရောင်ဆေးသုတ်ထားတဲ့ Coffee ဆိုင်၏၊
ချောင်ကျကျထောင့်တစ်နေရာမှာချန်းယွီ၊
ထိုင်မရ ထမရဖြစ်နေသည်။ သူကချိန်းထားတဲ့
အချိန်ထက် နာရီဝက်ပိုစောကာ ရောက်နေတာကြောင့်၊
ရှောင်ကျန့်ရောက်မလာသေးတာကို စိတ်မရှည်စွာပဲ
ဆက်စောင့်နေလိုက်သည်။

"ချန်းယွီ"

ပြုံးစစနဲ့ မျက်နှာချင်းဆိုင်လာထိုင်တဲ့၊ ရှောင်ကျန့်ကြောင့်၊
ချန်းယွီကြောင်အမ်းအမ်းဖြစ်နေသည်။

"Daddy "

"ငါ့ကိုဘာမေးမလို့လဲ"

"ကျွန်တော်နားမလည်ဘူး ဘာဖြစ်လို့ကျွန်တော်အစား
ကျူးရန်က ဝင်ပြီးခံလိုက်ရတာလဲ"

"သူ မင်းကိုချစ်လို့လေ.. ပြီးတော့ ကျူးရန်ကို
ငါမေးပါသေးတယ်၊ သူက ဒီလမ်းကိုပဲ
ရွေးချယ်သွားတာ"

"ဘာကြောင့်လဲ"

"သူနောက်ဆုံးပြောသွားတာကဘာလဲ သိလား..
သူထင်တာက အဲ့လိုလုပ်လိုက်ရင် မင်းရဲ့
အချစ်ကို သူရနိုင်တယ်လို့ ယုံကြည်နေတဲ့ပုံပဲ"

အၾကင္နာအင္အား(အကြင်နာအင်အား) S2 CompleteWo Geschichten leben. Entdecke jetzt