Zawgyi🌴
ချန်းယွီ ကျူးရန်ရဲ့တိုက်ခန်းကိုရောက်လာကာ၊
အခန်းရှေ့ကဘဲလ်ကိုအဆက်မပြတ်တီးနေလိုက်သည်။
ခနအကြာမှာ ကျူးရန်က တံခါးလာဖွင့်ပါသည်။"Bae မင်းရောက်လာမယ်လို့ ထင်တောင်မထင်ထားဘူး "
ရုတ်တရက် မြင်လိုက်ရတဲ့ ကျူးရန်၏အဝတ်မပါတဲ့
အပေါ်ပိုင်းဗလာကြောင့် ချန်းယွီမျက်နှာလွှဲလိုက်ရသည်။"နှာဘူးကောင် အခုချက်ချင်း အင်္ကျီသွားဝတ်လို့
မရဘူးလား"ကျူးရန်လဲ သဘောကျစွာ တဟားဟား
အော်ရယ်သည်။"Baeက ကိုယ့်ကိုယ်ရှက်နေတာလား"
"အရူးကောင်"
"အာ.. ဟုတ်ပြီ အခုသွားဝတ်မယ်"
"ဒါနဲ့ မင်းဘာသဘောနဲ့များ ငါ့Daddy ကို
ငါတို့နှစ်ယောက်က ချစ်သူတွေပါလို့
သွားပြောလိုက်ရတာလဲ"ကျူးရန်က တစ်ချက်ပြုံးပြီး..
"အဲ့ဒါက တစ်ကယ်ပဲလေ.. ကိုယ်တို့က
သာမန်ချစ်သူတွေထက် အဆင့်တောင်
ကျော်နေပြီကို"ကျူးရန်ရဲ့မထိ တထိစကားကြောင့် ချန်းယွီလဲ
စိတ်တိုသွားရသည်။"မင်းဘာသဘောနဲ့လုပ်နေတာလဲ ငါဘယ်လို
တောင်းပန်ရမှာလဲ ကျေးဇူးပြုပီး ငါ့အနားကရော
ငါ့ဘဝထဲကနေ ထွက်သွားပေးလို့မရဘူးလားဟမ်"ချန်းယွီက မျက်ရည်တွေနဲ့ပြောတော့ ကျူးရန်က
မျက်နှာလွှဲလိုက်ပြီး..."Sorry Bae ကိုယ်ကနောက်မဆုပ်တတ်ဘူး..
ပြီးတော့ မင်းမှက်ထားပေး ငါကမင်းဘဝကို
ပိုင်သွားပြီဆိုတာ အဲ့ဒါကြောင့် မင်းလည်းပဲ
ငါကလွဲရင် ဘယ်သူ့အကြောင်းကိုမှမတွေးနဲ့""ငါ စိတ်မကောင်းပါဘူ ကျူးရန် မင်းကလဲ ငါကို
လိုချင်သလို ငါကလဲDaddy ကို လိုချင်တယ်၊
Daddyယောက်ျားလို ငါလဲDaddy အချစ်တွေကို
လိုချင်တယ်လေ"ကျူးရန်လဲဒေါသထွက်သွားပြီး...
"မဖြစ်နိုင်တာတွေကို မပြောလို့ရမလား bae
မင်းလိုချင်တဲ့သူက အိမ်ထောင်နဲ့လေကွာ
ပြီးတော့ မင်းသေချာစဉ်းစား Daddy အချစ်တွေကို
လိုချင်တာလား Daddy ကိုလိုချင်တာလားဆိုတာ"
YOU ARE READING
အၾကင္နာအင္အား(အကြင်နာအင်အား) S2 Complete
Fanfictionအကြင်နာအင်အား S2လေးပါနော် 🙂🙂🙂 အကြင်နာအင်အား S2လေးပါနော် 🙂🙂🙂